Sunday, 15 July 2012 11:18 |
“လာဘ်ပေးလာဘ်ယူမှု ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးလိုတာကတော့ ဒီဥပဒေမှာ ဘယ်လိုကျူးလွန်ဖောက်ဖျက်ရင် ဘယ်လို အပြစ်ပေးမယ်ဆိုတာတွေပဲ ဖော်ပြထားပါတယ်။ ဥပဒေကိုလက်တစ်လုံးခြားအသုံးချပြီး ပြည်သူတွေကို ဒုက္ခပေးမယ့် ပြဿနာရှိလာနိုင်လို့ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ ဒီတော့ဥပဒေတစ်ခုပြဋ္ဌာန်းရင် ဘက်စုံထောင့်စုံက ပြည့်ပြည့်စုံစုံဖြစ်ဖို့ လိုပါတယ်။ လာဘ်ပေးလာဘ်ယူတော့ မလုပ်ဘူး။ စိတ်ဒုက္ခ မရောက်ရောက်အောင် ညစ်ပြနေရင် ပိုဆိုးပါတယ်။ ကျွန်တော်တို့ ဆီမှာ အကျင့်ဆိုးတဲ့ တရားသူကြီးတွေ အများကြီးပါ။ အကျင့်ဆိုးတဲ့ ရုံးအုပ်ကြီးတွေလည်း အများကြီးရှိပါတယ်။ အဂတိမရလို့၊ လာဘ်ငွေမရလို့၊ တံစိုးလက်ဆောင်မရလို့ အချိန် မကြန့်ကြာသင့်ဘဲ ကြန့်ကြာအောင် ပြုလုပ်ခြင်းတွေအတွက် အရေးယူနိုင်မယ့် ဥပဒေပုဒ်မက ဘယ်လောက်၊ ပြစ်ဒဏ်က ဘယ်လောက်ဆိုတာ တိတိကျကျ ထည့်သွင်းဖော်ပြခဲ့မယ်ဆိုရင် ဘယ်ဌာနဆိုင်ရာမှ စားပွဲပေါ်က လျှောက်လွှာတွေကို အကြာကြီးထားရဲမှာ မဟုတ်ပါဘူး။ အဲဒီလို တိတိကျကျ သတ်မှတ်လိုက်မယ် ဆိုရင် လုပ်ငန်းတွေ ပိုမြန်လာမှာပါ။ ပြည်သူတွေရဲ့ ယုံကြည်မှုရလာမယ့် အပြင် Clean Government အတွက်လည်း အထောက်အကူ ဖြစ်လာမှာပါ။ ဒါကြောင့် အခုပြဋ္ဌာန်းမယ့် ဥပဒေမှာ တံစိုးလက်ဆောင်ကို မျှော်ကိုး၍ သာမန်ထက်ပိုပြီး အချိန်ကြန့်ကြာအောင် ပြုလုပ်ခြင်း(သို့)လာဘ်ပေးလာဘ်ယူ ကျူးလွန်ရန် အားထုတ်ခြင်း၊ အချိန် တမင်ကြာအောင် ဆွဲနေခြင်းများကို လာဘ်ပေးလာဘ်ယူ ပြုလုပ်ရန်အား ထုတ်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပုဒ်မ နဲ့ပြစ်ဒဏ်တွေကို ထည့်သွင်းရေးဆွဲခဲ့မယ်ဆိုရင် ပိုပြည့်စုံတဲ့ ဥပဒေတစ်ရပ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အ မှတ် ၁၂ မှ ဦးလှဆွေက ဆွေးနွေး ပြောကြားခဲ့သည်။ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ ဦးဂျေယောဝူကလည်း “လာဘ်ပေးလာဘ်ယူမှု ပပျောက်ဖို့ အတွက် ကော်မရှင်တွေ၊ စုံစမ်းစစ် ဆေးရေးအဖွဲ့တွေဖွဲ့ပြီး တိုက်ဖျက်သွားမယ်လို့ သိရပါတယ်။ လာဘ် ပေးလာဘ်ယူမှု ပပျောက်ဖို့အတွက်ကတော့ ဌာနဆိုင်ရာတွေမှာ အမြင့်ဆုံး ရာထူးကနေ အောက်ခြေအထိ ပွင့်လင်း မြင်သာမှုရှိရမှာ ဖြစ်ပါတယ်။ သင့်တင့် လျောက်ပတ်တဲ့ လစာ၊ လုပ်အားခ တွေလည်းရဖို့ လိုပါတယ်။လာဘ်ပေး လာဘ်ယူပပျောက်ရေး ဥပဒေလိုမျိုး တားမြစ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဆုပေးဒဏ်ပေးစနစ်တွေကို ထိထိရောက်ရောက် သုံးသွားမယ်ဆိုရင် အောင်မြင်လာမှာ ပါ”ဟု ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဦးဂျေယောဝူက “အခုဥပဒေကြမ်းမှာက အဂတိလိုက်စားသည့် အထက်အရာရှိကိုပဲ အရေးယူ ပြစ်ဒဏ်ချမှတ်သော ဥပဒေများသာ ပါရှိပါတယ်။ လာဘ်ထိုးခံရသော အထက်အရာရှိက အရေးယူနိုင်သော ဥပဒေများလည်း ထည့်သွင်းသင့်ပါတယ်။ ဌာနဆိုင်ရာ အကြီးအကဲ(သို့) အကြီးအကဲနေရာ ယူထားသူသည် ၎င်းအားလာဘ်ထိုးလာသူအား အမှုဖွင့်အရေးယူနိုင်သည်။ ထိုသို့ မှန်ကန် စွာဥပဒေအရ ပြုလုပ်နိုင်သည့် အကြီးအကဲများအား နိုင်ငံဝန်ထမ်းကောင်း ဆုများချီးမြှင့်ခြင်းနဲ့ ရာထူးတိုးမြှင့် ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်” အကြံပြု ဆွေးနွေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၆ မှ ဦးခင်မောင်ရီက “ငွေကြေးနှင့်ပစ္စည်းများကို မတရား ရယူခြင်းကြောင့် သော်လည်းကောင်း (မူလအခြေအနေထက် ပိုမိုကြွယ်ဝ ချမ်းသာလာခြင်းကို ဆိုလိုသည်)၊ လာဘ်ပေးလာဘ်ယူ မှုများကြောင့် နိုင်ငံတော် ပိုင်ပစ္စည်းများ၊ နိုင်ငံတော်ဘဏ္ဍာနှင့် အခွန်အရပ်ရပ်၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အကျိုး စီးပွားများကို ထိခိုက်မှုမရှိစေရေး အတွက် အကာအကွယ်ပေးရန်”စသည်ဖြင့် ဖြည့်စွက်ပြင်ဆင်လိုသည့် အချက်များအား ဆွေးနွေးခဲ့သည်။ |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago