Headlines News :
Home » » အောင်ဆန်းစုကြည် ကမ္ဘာ့လွတ်လပ်မှု ရန်ပုံငွေ ဖောင်ဒေးရှင်း ထူထောင်

အောင်ဆန်းစုကြည် ကမ္ဘာ့လွတ်လပ်မှု ရန်ပုံငွေ ဖောင်ဒေးရှင်း ထူထောင်

Written By လွင့်မောင်မောင် on Sunday, August 19, 2012 | 1:47 AM


— အော်စလို၊ ဇွန် ၁၆၊ ၂ဝ၁၂
နော်ဝေနိုင်ငံမှ အဖွဲ့အစည်းတစ်ခုသည် ဇွန်လ အတွင်းက အော်စလိုမြို့ တွင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်၏ အမည်ဖြင့် လူမှုပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ထောက်ပံ့ရန် ရန်ပုံငွေ အဖွဲ့တစ်ခု တည်ထောင် ခဲ့သည်။
ထိုဖောင်ဒေးရှင်းမှာ အောင်ဆန်း စုကြည် ကမ္ဘာ့လွတ်လပ်မှု ရန်ပုံငွေ (Aung San Su Kyi World Freedom Fund) ဖြစ်ပြီး အရှည် တည်တံ့သည့် လူမှု အပြောင်းအလဲကို ဖန်တီးပေးမည့် တီထွင်ဆန်းသစ်မှုရှိသော စီမံချက်များ အတွက် ငွေကြေး ထောက်ပံ့ရန် ရည်ရွယ်သည်ဟု ဆိုသည်။ ထောက်ပံ့ကြေး ရရှိသူများမှာ ထူးခြားသော သတ္တိနှင့် ဇွဲလုံ့လဖြင့် လူမှု အပြောင်းအလဲ အတွက် အလုပ်လုပ်သူများ ဖြစ်ရမည် ဖြစ်ပြီး အထူးသဖြင့် ကလေးများ၊ လူငယ်နှင့် အမျိုးသမီးများအတွက် လုပ်ဆောင်သူများ ဖြစ်ရမည်ဟု သိရသည်။ ရန်ပုံငွေ အဖွဲ့ကို အစပိုင်းတွင် မြန်မာပြည် အတွက် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် အသွင် ကူးပြောင်းရေး ကာလတွင်း စိန်ခေါ်မှုများ ကြုံတွေ့နေရသော အခြား နိုင်ငံများရှိ လူမှုတီထွင် ဆန်းသစ်ရေး ပြောင်းလဲမှု စီမံချက်များကိုပါ တိုးချဲ့ ထောက်ပံ့သွားမည်ဟု သိရသည်။
ရန်ပုံငွေအဖွဲ့ကို Partnership for Change (PFC)ဟု အမည်ရသည့် နော်ဝေ ဖောင်ဒေးရှင်း တစ်ခုက အစပျိုး စီမံခန့်ခွဲသွားမည် ဖြစ်သည်။ ထိုဖောင်ဒေးရှင်းမှာ ကဏ္ဍစုံ ပေါင်းစပ် ဆောင်ရွက်မှု စိတ်ကူး အယူအဆကို အားကောင်း ခိုင်မာ စေရန် ရည်ရွယ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
စီးပွားရေး လုပ်ငန်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ အစိုးရနှင့် လူမှုစွန့်ဦး တီထွင်သူများ ထဲမှ ထူးချွန်သည့် အပြောင်းအလဲ ဖန်တီးရှင်များကို စုစည်း၍ ယင်းတို့၏ စုပေါင်းစွမ်းအားကို ဒေသအလိုက်နှင့် ကမ္ဘာလုံး အတိုင်းအတာရ အရှည်တည်တံ့မည့် အပြောင်းအလဲအတွက် အသုံးချနိုင်ရန် PFC ကို လုပ်ဆောင်ခြင်း ဖြစ်သည်။
ASSK Fund သည် အောင်မြင်သော လူမှုစွန့်ဦး တီထွင်သူများ၊ အန်ဂျီအိုများနှင့် ဖောင်ဒေးရှင်းများ၏ ကျွမ်း ကျင်မှုနှင့် အတွေ့အကြုံကို ပေါင်းစပ်ထားသည့် အရပ်ဘက် လူ့အဖွဲ့အစည်း များအား အကူအညီ အထောက် အပံ့ ပေးရန် ရည်ရွယ်သည်။
ASSK Fund အတွင်းရေးမှူး အဖွဲ့ သည် ပထမဦးစွာ ဒေါ်လာ ၁ဝ သန်း မတည်မည် ဖြစ်ပြီး ထောက်ပံ့မှုများကို ပညာရေး အခွင့်အလမ်း၊ ကျန်းမာရေး အထောက်အပံ့နှင့် စီးပွားရေး အကူအညီ များအား ဦးတည် ဆောင်ရွက် နေသည့် မျိုးဆက်သစ် လူငယ်များနှင့် ယင်းတို့၏ အဖွဲ့အစည်းများအား ပေးအပ်သွားမည် ဖြစ်သည်။
ASSK Fund ကို တစ်ဦးချင်း တာဝန်ယူတတ်မှု ရှိစေရန်၊ တစ်ဦးချင်းစီက ပူးပေါင်း ဆောင်ရွက်ရာမှာ လူမှု အပြောင်းအလဲ ဖြစ်ပေါ်လာစေရန် အားထုတ်မှုများ အတွက် အကျိုးဆောင် ရံပုံငွေ အဖြစ် ရည်ရွယ်ထားခြင်း လည်းဖြစ်သည်။
ရန်ပုံငွေအဖွဲ့ ဖွဲ့ရန် စိတ်ကူးကို လူငယ်စွန့်ဦး တီထွင်သူ Jonas Barehgrevink က စတင်ရရှိခဲ့သည်။ Jonas မှာ My Good Act.com ဟူသော လူမှုကွန်ရက်၏ တည်ထောင်သူ ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်တွင် MyGoodAct မှ Partnership for Change project ဖြစ်လာခဲ့သည်။ ၂ဝ၁၂ မတ်လတွင် ပြုလုပ်သော Partnership for Change ကွန်ဖရင့်တွင် ဒေါ်အောင်ဆန်း စုကြည်၏ ဗီဒီယို၌ တွေ့မြင်ခဲ့ပြီး မြန်မာနိုင်ငံတွင်း လူမှုတီထွင် ဆန်းသစ်မှုများကို ရန်ပုံငွေ ထောက်ပံ့ရန် ဆန္ဒဖြစ်ပေါ်၍ ဤစိတ်ကူးကို ရခဲ့သည်။ သူ့စိတ်ကူးကို Partnership for Change project ကလည်း သဘောကျပြီး ဒေါ်အောင်ဆန်း စုကြည်ထံ အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က စိတ်လှုပ်ရှားစွာ လက်ခံ သဘောတူခဲ့ပြီး နာယကအဖြစ် ယခု ဆောင်ရွက်ပေးနေသည်။
ASSK ရန်ပုံငွေအဖွဲ့တွင် ဂုဏ်ထူးဆောင် နာယက အဖြစ် ဒေါ်အောင်ဆန်း  စုကြည်က ဆောင်ရွက်ပြီး ဘုတ်အဖွဲ့ဝင်များ အဖြစ် Thorvald Stoltenberg, Ingrid Stange, Nicholai Pryd, Kjell Magne Bondevik နှင့် ဦးကျော်သွင် တို့က ဆောင်ရွက်သည်။ Youth Advisory Board တွင် Jonas Borchgrevink က တာဝန်ခံ အဖြစ် ဆောင်ရွက်ပြီး ဘုတ်အဖွဲ့ဝင် များအဖြစ် မျိုးဆက်သစ် ခေါင်းဆောင်များ ပူးပေါင်း ပါဝင်လာစေရန် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။
အကြံပေးအဖွဲ့တွင် နိုင်ငံတကာမှ လူမှုပြောင်းလဲရေး ခေါင်းဆောင်များကို တစ်ဦးချင်းအနေဖြင့်  ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ် ထားကြောင်းလည်း သိရသည်။
မတည်ငွေ အမေရိကန်ဒေါ်လာ ၁ဝ သန်း ဖြည့်သည့် အချိန်တွင် မန်နေဂျာ တစ်ဦးက ရန်ပုံငွေကို ခန့်ခွဲရန် စီစဉ် ထားပြီး သူက Partnership for Change နှင့် အနီးကပ် လက်တွဲ ဆောင်ရွက်မည် ဖြစ်ကာ ယခုအခါ ထိုတာဝန် ထမ်းဆောင်ရန် သင့်လျော်မည့် သူများကို ရွေးချယ်လျက် ရှိကြောင်း သိရသည်။
Ref: http;//www.world freedom fund.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template