Headlines News :
Home » » တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

Written By လွင့်မောင်မောင် on Tuesday, September 18, 2012 | 2:06 AM


 တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှုလမ်းကြောင်းအားအနည်းငယ်ဖွင့်ပေးထားကြောင်း
သိရသည့်အတွက်မြန်မာနိုင်ငံသူနိုင်ငံ သားများ၏လုံခြုံရေးကိုမိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။
တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစုကလေးယူရာတွင်ယောက်ျားလေးသာအယူများနေခြင်းကြောင့်
တရုတ်ပြည်တွင်သတို့သတရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့် မီးသန်း၂ဝဝ)ဝန်းကျင် လိုအပ် လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
မြန်မာနိုင်ငံမှနေ၍အခြားနိုင်ငံများသို့လူကုန်ကူးခံရမှုတွင်တရုတ်နိုင်ငံသို့လူကုန်ကူးခံရခြင်းမှာ
အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှစာရင်းများအရ သိရသည်။
ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ (၈၅)ရာခိုင်နှုန်းရှိနေကြောင်းကိုလည်း သိရှိရသည်။
လူကုန်ကူးမှုတွင်ပုံစံခုနစ်မျိုးရှိရာအများဆုံးဖြစ်ပွားနေသည့်ပုံစံမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်းဖြစ်ပြီး၊
လိင်လုပ်သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေကြောင်း သိရသည်။

''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင်သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကိုလည်းလုပ်ရမယ်၊အစိုးရပိုင်းအနေနဲ့လည်းနယ်စပ်တွေမှာသေချာစိစစ်ပြီး
အလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆိုတာတွေသေချာစိစစ်သင့်တယ်''ဟု
ဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

မြန်မာနိုင်ငံမှနေ၍တရုတ်ပြည်သို့လူကုန်ကူးခံရသူများအားနေရပ်သို့ပြန်လည်နေရာချထားပေးနိုင်သူ
အရေအတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦးရှိကြောင်း သိရှိရသည်။
လူကုန်ကူးခံရသူများတွင်၈၅ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်သကဲ့သို့လူကုန်ကူးမှုတရားခံများ
တွင်လည်းအမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်းရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။

ကောင်းမြတ်ဖြိုး (မြစ်မခ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template