Headlines News :
Home » » တရားမ၀င် ကျောက်စိမ်းကုန်သွယ်မှုကြောင့် အခွန်ငွေဒေါ်လာဘီလီယံများစွာ အစရှာမရ

တရားမ၀င် ကျောက်စိမ်းကုန်သွယ်မှုကြောင့် အခွန်ငွေဒေါ်လာဘီလီယံများစွာ အစရှာမရ

Written By လွင့်မောင်မောင် on Tuesday, October 1, 2013 | 4:44 PM



ဖားကန့်၊ စက်တင်ဘာ-၂၉

မြန်မာ့ကျောက်စိမ်းအရောင်းအ၀ယ်လုပ်ငန်းအားလုံး၏ ထက်ဝက်နီး ပါးခန့်မှာ အခွန်အခနည်းနည်း၊ သို့မဟုတ် အခွန်စည်းကြပ်မှုလုံးဝမရှိဘဲ နယ်စပ် ဖြတ်၍ တရုတ်နိုင်ငံတွင်းသို့ တရားမ၀င်တင်ပို့ ရောင်းချနေခြင်းဖြစ်ရာ နိုင်ငံပြန် လည်တည်ဆောက်ရေးအတွက် အသုံးပြုနိုင်မည့် အခွန်ဘဏ္ဍာငွေအမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ နစ်နာခဲ့ရကြောင်း စက်တင်ဘာ ၂၉ ရက် သတင်း များတွင် ဖော်ပြသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှ တူးဖော်ရရှိသော ကျောက်စိမ်းများကို တရားမ၀င်နည်းလမ်းများဖြင့် ကုန်သွယ် ရောင်းချခြင်းကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာ ဆုံးရှုံးနစ်နာခဲ့ရ သည့်အဖြစ်ကို တရားဝင်စာရင်းဇယား များအရ အတည်ပြုနိုင်ကြောင်း ရိုက်တာသတင်းဌာန၏ အဆို အရသိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ သည် ကျောက်စိမ်းပမာဏ ကီလိုဂရမ် ၄၃ သန်းကျော် တူးဖော် ထုတ်လုပ်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် အမေ ရိကန်ဒေါ်လာ ၁၀၀ နှုန်းဖြင့် တန်ဖိုးဖြတ်ပါက စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံအထိရှိကြောင်း၊ သို့ရာတွင် ယင်းဘဏ္ဍာ ရေးနှစ်၏ ကျောက်စိမ်း ပို့ကုန်တန်ဖိုးမှာ အစိုးရတရားဝင် စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ ၃၄ သန်းသာ ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

အလားတူ တရုတ်နိုင်ငံ၏ တရား ၀င်စာရင်းဇယားများ အရ ၂၀၁၂ ခုနှစ်အတွင်း တရားဝင်တင်သွင်းခဲ့သော ကျောက် စိမ်းအပါအ၀င် ကျောက်မျက်နှင့်သတ္တု စုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၉၃ သန်းမျှသာရှိရာ ပျောက်ဆုံးနေ သည့် ဘဏ္ဍာငွေ ဘီလီယံပေါင်းများစွာနှင့် ပတ်သက်၍ အဖြေ ရှာမရသေးကြောင်း ရိုက်တာသတင်းဌာနက ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသော ဘဏ္ဍာငွေ များ၊ ကျောက်စိမ်းတူး ဖော်မှုလုပ်ငန်းကြောင့် ဖားကန့်ဒေသ၌ ဖြစ်ပေါ်ခဲ့သည့် လူမှု ရေးနစ်နာချက်များနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို မြန်မာအစိုးရ သတ္တုတွင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်အောင်က ပြန်လည်ဖြေ ကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့ရာတွင် ဟားဗက်အက်ရှ်အမည်ရှိ နိုင်ငံတကာအဖွဲ့ အစည်းတစ်ရပ်၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၁ ခုနှစ် အတွင်း မြန်မာ့ကျောက်စိမ်း အရောင်းအ၀ယ်လုပ်ငန်း၏ စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံအထိရှိ ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ကျောက်စိမ်းများသည် တန်ဖိုးကြီးမားသကဲ့သို့ သယ်ယူပို့ဆောင်ရာတွင်လည်း လွယ်ကူကြောင်း၊ မ၀ှက်နိုင် သည့် ကျောက်စိမ်းများသာလျှင် အစိုးရကျောက်မျက်လေလံ ပွဲများသို့ရောက်ရှိပြီး ကျန်ကျောက်စိမ်းများကိုမူ မြန်မာ့တပ်မ တော်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(ကေအိုင်အေ)တို့ ထိန်းချုပ်ထားသည့် နယ်မြေများကိုဖြတ်ကာ တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့ကြကြောင်း ဖားကန့်ဒေသမှ ကျောက်စိမ်းကုန် သည်တစ်ဦးက ပြောကြားသည်။
ဖားကန့်ဒေသ ကျောက်စိမ်းကုန်သည်များ၏ အဆို အရ အကြီးဆုံး ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အများစု ကို တရုတ်ကုမ္ပဏီများနှင့် ၎င်းင်းတို့၏ လက်ခွဲ အုပ်စုများက ပိုင်ဆိုင်ထားကြောင်း သို့ဖြစ်ရာ ကျောက်စိမ်းကုန်သွယ် ရေးလုပ်ငန်း၏ အကျိုးအမြတ်တချို့တစ်ဝက်ကိုသာ မြန်မာ အစိုးရကရရှိပြီး အများစုမှာ တရုတ်နိုင်ငံသားများနှင့် ယခင် အစိုးရဟောင်း မိသားစုများဆီသို့သာ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်များ၌ တရုတ် ကုမ္ပဏီများအပြင် တပ်မတော်၏ စီးပွားရေးလုပ်ငန်းစုဖြစ် သော ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်နှင့် ယခင်စစ်အစိုးရနှင့် အလွန်းသင့်သည့် မြန်မာလုပ်ငန်းရှင်များ လည်း ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့လက် ထက်တွင် မြန်မာ့စီးပွားရေးအတွက် ပြည်ပအကူအညီများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအပေါ် အားပြုနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးအင်အားနှင့် ညီညွတ်မှုတို့သည် ကုန် ကြမ်းသယံဇာတထုတ်လုပ်မှုလုပ်ငန်းများမှ အခွန်ငွေပိုမိုရရှိ အောင် လုပ်ဆောင်နိုင်မှုအပေါ် မူတည်နေဖွယ်ရှိကြောင်း ဘောဂဗေဒ ပညာရှင်အချို့က သုံးသပ်ကြသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template