Headlines News :
Home » » တရားမဝင် မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး အစီအစဉ် မလေးရှား ပြန်စမည်

တရားမဝင် မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး အစီအစဉ် မလေးရှား ပြန်စမည်

Written By လွင့်မောင်မောင် on Tuesday, October 1, 2013 | 9:20 PM

Tuesday, October 1, 2013
တရားမဝင် မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး အစီအစဉ် မလေးရှား ပြန်စမည်

ရန်ကုန်၊ စက်တင်ဘာ ၃၀

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သားများကို တရားဝင် လုပ်ပေးမည့် 6P အစီအစဉ်ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်စမည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးက ကြေညာထားကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကြီးက ပြောကြားသည်။

6P (တရားမဝင် လုပ်သားများကို တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်) အစီအစဉ်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို စတင်လုပ်ဆောင်ပေးမည် ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြန်မာများကို လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် ယခင်လုပ်ဆောင်ခဲ့သည့် 6P အစီအစဉ်အရ လက်ဗွေနှိပ်ရမည် ဖြစ်ပြီး လက်ဗွေ နှိပ်ပြီးပါက ခြောက်လ နေထိုင် ခွင့်ရမည် ဖြစ်ပြီး လက်ဗွေ နှိပ်ပြီးပါက မလေးရှား လူဝင်မှု ကြီးကြပ်ရေးကို ငွေသွင်းခြင်း၊ ဆေးစစ်ခြင်း၊ ပါမစ် (တရားဝင် နေထိုင် လုပ်ကိုင်ခွင့်) ယူခြင်း၊ မလေးရှားရှိ သက်ဆိုင်ရာ နိုင်ငံသံရုံးတွင် နိုင်ငံကူး လက်မှတ် လုပ်ဆောင်ခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်ရသည်။

အဆိုပါစနစ်ကို အလုပ်ရှင်က တိုက်ရိုက် လုပ်ဆောင်ရမည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ပုဂ္ဂလိက ကုမ္ပဏီက လုပ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အစီအစဉ် အသေးစိတ်ကို မသိရှိရသေးကြောင်း ဦးအောင်ကြီးက ပြောကြားသည်။
“ပါမစ်ကို အလုပ်ရှင် နာမည်နဲ့က လုပ်ရင် ပြဿနာရှိတယ်။ သူတို့ပိုင်သွားပြီဆိုရင် လုပ်ချင်သလို လုပ်ကြတယ်။ မကျေနပ်ရင် အလုပ်ထွက် အိုသမား (တရားမဝင် အလုပ်သမား) သံသရာ လည်နေမှာပဲ” ၎င်းးကဆိုသည်။

6P စီမံချက်ကို ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ် ပြန်လည်စတင်ခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ပြီးပါက မြန်မာသည် တရားမဝင်လုပ်သား တတိယ အများဆုံး ဖြစ်ပြီး မြန်မာလုပ်သား ၂၅၇,၀၀၀ ရှိသည့်အနက် ၁၁၃,၀၀၀ မှာ တရားဝင် လုပ်သားများ ဖြစ်ကြောင်း မလေးရှား အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် လုပ်သားများကို စစ်ဆင်ရေး တစ်ရပ်ဖြင့် ဖမ်းဆီးနေစဉ် မြန်မာနိုင်ငံက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ သွားရောက်ခဲ့သည့် မလေးရှားနိုင်ငံ ခရီးစဉ်တွင် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တရားမဝင် မြန်မာလုပ်သားများကို မြန်မာသံရုံးတွင် One Stop Service Center ဖွင့်လှစ်ကာ အထောက်အထား ထုတ်ပေးရန် သဘောတူညီမှု ရရှိခဲ့သည်။ ယင်းအပြင် အော်ပရာစီ စီမံချက်တွင် ဖမ်းဆီးခံထားရသူများနှင့် တရားမဝင် မြန်မာလုပ်သားများ ဒဏ်ကြေး ငွေပေးရန် မလိုဘဲ ပြည်တော်ပြန်ခွင့်ပေးရန် သဘောတူညီမူ ရရှိခဲ့သည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template