Headlines News :
Home » » လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မီးခိုဗုံးဖျူးစ်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်းတချို့ ဒဏ်ရာရ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မီးခိုဗုံးဖျူးစ်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်းတချို့ ဒဏ်ရာရ

Written By လွင့်မောင်မောင် on Sunday, October 13, 2013 | 12:35 AM


Photo: လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မီးခိုဗုံးဖျူးစ်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်းတချို့ ဒဏ်ရာရ 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲခဲ့တဲ့အတွက် ရဲဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဒွန်းဆိုသူက အတည်ပြုပြောပါတယ်။ 

အမှတ်(၁၆) ရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူပေးနေရတဲ့ ဒုရဲအုပ် မျိုးမင်းထွန်း ဆိုသူကတော့ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲရာက ရရှိဒဏ်ရာနဲ့ မုံရွာပ်ြသူ့ဆေးရုံကြီး အရိုးအထူးကုအဆောင်မှာ အရေး ပေါ်ဆေးကုသနေရပါတယ်။ ပခြေအနေဟာ မဆိုးရွားပေမဲ့ စောင့်ကြည့်နေရပါတယ်လို့ တာဝန်ကျဆရာဝန်တစ်ဦးက ပြောပါတယ်။ အဲ့ဒီအရာရှိနဲ့အတူ ဒဏ်ရာရရှိခဲ့တဲ့ အမှတ်(၁၆) ရဲတပ်ရင်းက ရဲတပ်ကြပ်ကြီး မြင့်လွင် ဆိုသူကတော့ မုံရွာဆေးရုံ အခွဲစိပ် အဆောင်မှာ ဆေးကုသနေရာက မနေ့က ညနေ ၄ နာရီအချိန်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိရာကို ပြန်ခေါ် သွားပြီလို့ သိရပါတယ်။ ပြီးခဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက ဖယ်ရှားတဲ့အခါမှာ အဲ့ဒီလို မီးခိုးဗုံးတွေ အသုံးပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့ သံဃာတော်တွေဟာ မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းက သပိတ်စခန်းတွေကို မီးခိုးဗုံးတွေအသုံးပြုပြီး ဖယ်ရှားစဉ်တုံးက အခုမုံရွာဆေးရုံမှာ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲလို့ ဒဏ်ရာရပြီးဆေးရုံးတက်နေသူ ရဲဝန်ထမ်းတွေ မပါခဲ့ဘူးလို့ သူတို့ရဲ့ပြောပြချက်များအရ သိရပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း မီးခိုးဗုံးဖျူးစ်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်းတချို့ ဒဏ်ရာရတဲ့သ တင်းကို သက်ဆိုင်ရာက မပေါက်ကြားစေလိုတာကြောင့် ထိန်းထိန်သိမ်းသိမ်းဆောင်ရွက်နေခဲ့ပေမဲ့ လက်ပံတောင်းအရေးကို မျက်ချေမပြတ်စောင့်ကြည့်လေ့လာနေတဲ့သူတွေကတော့ ဒီဖြစ်စဉ်ဟာ ယခုလ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့တယ်လို့ ပြောပြ ကြ ပါတယ်။ 

အဲ့ဒီမီးခိုးဗုံးဖျူးစ်ပေါက်ကွဲပြီးတဲ့ နောက်တစ်နေ့မနက်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင် နယ်မြေအတွင်း မှာ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် တရုတ်နိုင်ငံသာ ကုမ္မဏီဝန်ထမ်းတစ်ဦး ဦးခေါင်ပွင့် ဒဏ်ရာနဲ့သေဆုံး ခဲ့ရတယ်လို့ ရဲစခန်းမှတ်တမ်းမျးရေးသားဖော်ပြထားတာကို ညောင်ပင်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ် မြခိုင်ဦးက အတည်ပြု ပြောပြခဲပကြောင်းပါ….ရှင်..။ ဒီသတင်းကို မုံရွာအခြေစိုက် သတင်းသမား မစုမွန်ဝင်းမှ ပေးပို့ထားပါတယ်..။ . Chat Conversation End
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲခဲ့တဲ့အတွက် ရဲဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဒွန်းဆိုသူက အတည်ပြုပြောပါတယ်။

အမှတ်(၁၆) ရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူပေးနေရတဲ့ ဒုရဲအုပ် မျိုးမင်းထွန်း ဆိုသူကတော့ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲရာက ရရှိဒဏ်ရာနဲ့ မုံရွာပ်ြသူ့ဆေးရုံကြီး အရိုးအထူးကုအဆောင်မှာ အရေး ပေါ်ဆေးကုသနေရပါတယ်။ ပခြေအနေဟာ မဆိုးရွားပေမဲ့ စောင့်ကြည့်နေရပါတယ်လို့ တာဝန်ကျဆရာဝန်တစ်ဦးက ပြောပါတယ်။ အဲ့ဒီအရာရှိနဲ့အတူ ဒဏ်ရာရရှိခဲ့တဲ့ အမှတ်(၁၆) ရဲတပ်ရင်းက ရဲတပ်ကြပ်ကြီး မြင့်လွင် ဆိုသူကတော့ မုံရွာဆေးရုံ အခွဲစိပ် အဆောင်မှာ ဆေးကုသနေရာက မနေ့က ညနေ ၄ နာရီအချိန်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိရာကို ပြန်ခေါ် သွားပြီလို့ သိရပါတယ်။ ပြီးခဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက ဖယ်ရှားတဲ့အခါမှာ အဲ့ဒီလို မီးခိုးဗုံးတွေ အသုံးပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့ သံဃာတော်တွေဟာ မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းက သပိတ်စခန်းတွေကို မီးခိုးဗုံးတွေအသုံးပြုပြီး ဖယ်ရှားစဉ်တုံးက အခုမုံရွာဆေးရုံမှာ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲလို့ ဒဏ်ရာရပြီးဆေးရုံးတက်နေသူ ရဲဝန်ထမ်းတွေ မပါခဲ့ဘူးလို့ သူတို့ရဲ့ပြောပြချက်များအရ သိရပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း မီးခိုးဗုံးဖျူးစ်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်းတချို့ ဒဏ်ရာရတဲ့သ တင်းကို သက်ဆိုင်ရာက မပေါက်ကြားစေလိုတာကြောင့် ထိန်းထိန်သိမ်းသိမ်းဆောင်ရွက်နေခဲ့ပေမဲ့ လက်ပံတောင်းအရေးကို မျက်ချေမပြတ်စောင့်ကြည့်လေ့လာနေတဲ့သူတွေကတော့ ဒီဖြစ်စဉ်ဟာ ယခုလ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့တယ်လို့ ပြောပြ ကြ ပါတယ်။

အဲ့ဒီမီးခိုးဗုံးဖျူးစ်ပေါက်ကွဲပြီးတဲ့ နောက်တစ်နေ့မနက်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင် နယ်မြေအတွင်း မှာ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် တရုတ်နိုင်ငံသာ ကုမ္မဏီဝန်ထမ်းတစ်ဦး ဦးခေါင်ပွင့် ဒဏ်ရာနဲ့သေဆုံး ခဲ့ရတယ်လို့ ရဲစခန်းမှတ်တမ်းမျးရေးသားဖော်ပြထားတာကို ညောင်ပင်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ် မြခိုင်ဦးက အတည်ပြု ပြောပြခဲပကြောင်းပါ….ရှင်..။ ဒီသတင်းကို မုံရွာအခြေစိုက် သတင်းသမား မစုမွန်ဝင်းမှ ပေးပို့ထားပါတယ်..။ .

Nyein Chan Aung(Facebook)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template