Weather News Update
1-10-2013
7:11 pm
(၁) (၃၀-၉-၂၀၁၃)ရက် ညသန်းကောင်ယံအချိန်တွင် တွေ့ရတဲံ ဂြိုဟ်တုတိမ်ပုံ။ မပျက်ပြယ်သေးဘဲ ထိုင်းနိုင်ငံမြောက်ပိုင်းကိုဖြတ်နေပြီး အားအတော်အတန် ရှိနေသေးတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများ ကို ဦးတည်နေသေးတာကို တွေ့ရပါတယ်။
(၂) (၁-၁၀-၂၀၁၃)ရက် နေ့(၁၂)နာရီခွဲအချိန်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော် နေပြီ ဖြစ်ပါတယ်။ ညသန်းကောင်ယံအချိန်ခန့် တွင် အားပျော့သွားကာ လေပွေလှိုင်းအဖြစ် ရောက်ရှိသွားနှိုင်ပါတယ်။
(၃) တိုင်းဖွန်းမုန်တိုင်း Wutip ဟာ (၃၀-၉-၂၀၁၃)ရက် နံနက်(၁၁)နာခွဲခန့်တွက် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းခဲ့ပြီး နောက် အနောက်ဖက်ကို ဆက်လက်ရွေ့လျှားခဲ့ရာ (၃၀)ရက် ညသန်းကောင်ယံအချိန်တွင် ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်ဖြင့် ထိုင်းနိုင်ငံအလယ်ပိုင်းကို ဆက်လက်ဖြတ်သန်းခဲ့ပါတယ်။ (၁-၁၀-၂၀၁၃)ရက် ညနေ(၃)နာရီခွဲအချိန်မှာတော့ အားလျော့သွားကာ အရှေ့လေပွေလှိုင်းအဖြစ်ဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ကို စတင်ဖြတ်ကျော်လျက်ရှိပါတယ်။
လေပွေလှိုင်းရဲ့အရှိန်ကြောင့် (၁-၁၀-၂၀၁၃)ရက်နေ့မှ နောင်(၂၄)နာရီအတွင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမျာ နေရာကျဲကျဲမှ
စိပ်စိပ် မိုးရွာနှိုင်ပါတယ်။
ဒေါက်တာထွန်းလွင်