Headlines News :
Home » » အင်းလေးရေပြင် ပိုမိုခန်းခြောက်လာ၊ စက်လှေများ ခရီးသွားလာရေး ခက်ခဲ

အင်းလေးရေပြင် ပိုမိုခန်းခြောက်လာ၊ စက်လှေများ ခရီးသွားလာရေး ခက်ခဲ

Written By လွင့်မောင်မောင် on Monday, April 6, 2015 | 7:48 PM

 
ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားသွားရောက်လည်ပတ်လေ့ရှိတဲ့ ရှမ်းပြည်တောင်ပိုင်းက အင်းလေးကန်ဟာ ဒီနှစ်နွေရာသီမှာ ယခင်နှစ်တွေထက် ပိုပြီး ရေခန်းခြောက်လာပြီး ရေလမ်းခရီးသွားလာရေးအခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးဒေသခံတစ်ဦးဖြစ်သူ ကိုကျော်စိုးက အင်းရေပြင်ရေနိမ့်သွားတဲ့အတွက် စက်လှေ သွားလာရေးနဲ့ လှေဆိုက်ရာနေရာ အခက်အခဲဖြစ်နေရကြောင်း ခုလိုပြောပါတယ်။

“ကျနော်တို့ အင်းထဲကိုသွားမယ့် ညောင်ရွှေဖောင်တော်ဆိပ်မှာဆိုရင် အင်းရေက တိမ်ပြီး ရေလမ်းကြောင်းလည်း ကျဉ်းသွားတော့ စက်လှေမောင်းရတာ အခက်အခဲဖြစ်ပါတယ်။ အင်းထဲကိုသွားမယ့် ခရီးသည် အကြိုအပို့လုပ်တဲ့ စက်လှေတွေလည်း ရပ်စရာနေရာနည်း သွားတော့ သူ့ထက်ငါ အလုအယက် နေရာဦးတဲ့ ပြဿ နာတွေ ရှိလာတယ်။ တချို့လှေတွေ ဆိုက်စရာနေရာမရှိတော့ ခရီးသည်မရဘူး။ အဲဒီခါကျတော့ အလုပ်အကိုင်ထိခိုက်တာပေါ့။”

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကလည်း အင်းလေးကန်မှာ အလားတူ ရေခန်းမှုမျိုးနဲ့ ဒေသခံတွေ ကြုံခဲ့ကြရဖူးပါတယ်။

ထိုစဉ်က လယ်သမားတွေ စပါးစိုက်ရာမှာ ပျိုးကို ၂ ခါ ၃ ခါ ပြန်ကြဲရတဲ့ အတွက် အရှုံးနဲ့ ရင်ဆိုင်ခဲ့လို့ ဒီနှစ်မှာလည်း အတွေ့အကြုံရှိတောင်သူတွေ အရှုံးပေါ်မှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်ကလည်း ဒီနှစ်အင်းရေပြင် တစ်ပေကျော် ကျဆင်း သွားတယ်လို့ ခုလိုပြောပါတယ်။

“အခြေအနေက အရင်နှစ်နွေထက်စာရင် ဒီနှစ်က တစ်ပေ နဲ့ ၃ လက်မလျော့သွားပါတယ်ခင်ဗျ။ ဒါက ညောင်ရွှေအနောက်ဘက် နမ့်ကတ်ချောင်းကနေ တိုင်းတာချက်အရပေါ့။ ဖောင်တော်ဦးဘုရားမှာလည်း ခါတိုင်းနှစ်ထက် တစ်ပေကျော် လျော့သွားတယ်။ ရေလျော့တော့ မော်တော်ဘုတ်တွေ သွားရေလာရေးခက်တယ်ပေါ့။ တခြားထိခိုက်မှုတွေ မရှိပါဘူး”လို့ ပြောပါတယ်။

အင်းလေးအိုင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လကုန်က ရပ်မိရပ်ဖတွေ အစည်းအဝေးလုပ်ခဲ့သလို မနက်ဖြန် တောင်ကြီးမှာလုပ်မယ့် ပြည်နယ်ဝန်ကြီးများ အစည်းအဝေးမှာလည်း ဒီကိစ္စ တင်ပြသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲခုလို ကန်ရေခမ်းခြောက်ရတဲ့ အဓိကအကြောင်းရင်းဟာ မိုးရွာသွန်းမှု နည်းပါး တာကြောင့်ဖြစ်ပြီး ညောင်ရွှေဒေသ မိုးရေချိန်ဟာ မနှစ်က ထက် ၇ လက်မလျော့သွားတယ်လို့ ဆိုပါတယ်။

ညောင်ရွှေရပ်မိရပ်ဖတဦးကတော့ အင်းလေးဒေသမှာ ရွှေ့ပြောင်းတောင်ယာတွေခုတ်တာ၊ အဆောက်အဦတွေ တိုးပွားလာတာတွေကြောင့် သစ်ပင်သစ်တောနည်းပါးလာပြီး ရေတွေ ခန်းခြောက်ရတယ်လို့ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template