လာမယ့် သင်္ကြန်ကာလမှာ ရှမ်းပြည်နယ်မှာ ဖေါက်ခွဲရေးသမားတွေ
ဝင်ရောက်လာနိုင်တယ်လို့ သတင်းရရှိ တာကြောင့် လုံခြုံရေးအင်အား
တိုးမြှင့်ချထားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
တောင်ကြီးမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြား လိုက်တာပါ။
"ရှမ်းပြည်နယ်မှာ ကျနော်တို့ကတော့ အလုံးစုံ လုံခြုံရေးပိုင်းအနေနဲ့ကတော့
စိုးရိမ်နေရတာပေါ့နော် ၊ ဖေါက်ခွဲလို့ဖျက်ဆီးလိုက်မလား
ကျန်တဲ့တခြားကိစ္စရပ်မျိုးများ ပေါ်လာမလားဖြစ်တဲ့အချိန်မှာ ဒီကာလသည်
ရှမ်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ဒီအစိုးရရဲ့ ကျော်ဖြတ်မယ့် သင်္ကြန်ကာလနောက်
ဆုံးနှစ်လည်း ဖြစ်တဲ့အတွက် စည်စည်ကားကားလည်း ဖြစ်စေချင်ပါတယ်"
သင်္ကြန်ကာလအတွင်းမှာ အရင်နှစ်တွေထက် မှုခင်းအနည်းဆုံးဖြစ်အောင်
ဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေး ကာလကို ၃ ဆင့်သတ်မှတ်ထားတယ်လို့
သိရပါတယ်။
ရှမ်းပြည်နယ်တခုလုံးမှာ သင်္ကြန်မဏ္ဍပ် ၃၃ ခု ဆောက်လုပ်ခွင့်ရရှိထားကြောင်းလည်း သိရပါတယ်။
RFA Burmese