Headlines News :
Home » » ဗကသကျောင်းသူကို နေအိမ်မှ ဖမ်းဆီး အင်းစိန်ထောင်ပို့ဆောင်

ဗကသကျောင်းသူကို နေအိမ်မှ ဖမ်းဆီး အင်းစိန်ထောင်ပို့ဆောင်

Written By Live100 on Thursday, April 9, 2015 | 11:18 PM

 11027435_967273223306096_3269920845786681616_n11041767_967273276639424_4646599821605111136_n11027487_967273249972760_5386922470104871183_n11141236_967273306639421_6233722375479386121_n

ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ကမာရွတ်ရဲ စခန်းက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။

အသက် ၁၉ အရွယ် တတိယနှစ်တက္ကသိုလ်ကျောင်းသူ မပိုပိုကို  ဧပြီလ ၈ ရက်နေ့ညနေ ၄ နာရီလောက်မှာ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတွေက သူမနေအိမ်ကနေ ခေါ်သွားခဲ့ပြီး စခန်းမှာ ချုပ်နှောင်ထားတာလို့ မပိုပိုရဲ့ အစ်မ မအိပုံက ဒီဗွီဘီကို ပြောပါတယ်။

မပိုပိုဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသားဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့်  ဆန့်ကျင်တဲ့အစုအဝေး၊ရုံးရင်းးဆန်ခတ်မှုမှာပါဝင်ကျူးလွန်ခြင်းပုဒ်မ တွေအပြင်
 နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့နဲ့ အမှုဖွင့်ခံထားရသူပါ။

ဧပြီလ ၉ရက်နေ့မှာ မပိုပိုကို ကမာရွတ်ရဲစခန်းကနေ ကမာရွတ်တရားရုံးမှာ  အချုပ်သားတရားခံအဖြစ် ရုံးထုတ် ရက်ချိန်းယူပြီး အင်းစိန် အကျဉ်းထောင်ကိုပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ဧပြီလ၁၀ရက်နေ့မှာ မပိုပိုနဲ့အတူ အမှုတွဲကျောင်းသား ကိုဝင်းကျော်မှူးတို့ နှစ်ဦးကို  အင်းစိန်အကျဉ်းထောင်ကနေ ကမာရွတ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။
DVB
ဓာတ်ပုံ – ကောင်းထက်ကျော်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template