Headlines News :
Home » » တပ်မတော်သည် လူထုဆန္ဒအပေါ် ဖျောက်ဖျက်နိုင်စွမ်း ပြောင်းလဲနိုင်စွမ်း မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တပ်မတော်သည် လူထုဆန္ဒအပေါ် ဖျောက်ဖျက်နိုင်စွမ်း ပြောင်းလဲနိုင်စွမ်း မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By လွင့်မောင်မောင် on Monday, April 6, 2015 | 5:36 PM



  ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ဦးဆောင်ပြီး ဒုတိယအကြိမ် ရွှေးကောက်ပွဲမှာ အောင်ပွဲခံဖို့ ကြိုးစားနေချိန်မှာ အကျပ်အတည်း အခက်အခဲများကို ရင်ဆိုင်နေရသော နှစ်တနှစ်ဖြစ်ပါသည်။

ဧပြီလ ၃ ရက် သောကြာနေ့က နေပြည်တော် ရုံးခန်းတွင် Globe & Mail သတင်းဌာနနှင့် အင်တာဗျူးရာတွင် ဒေါ်အောင်ဆန်းစုကြည်က
“ တကယ်လို့ လူအများစုက ပြောင်းလဲရေးအတွက် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ ရင် ပြောင်းလဲမှုတွေ ပေါ်ပေါက်လာမှာပဲ။ ကျမအနေနဲ့ စစ်တပ်ကို သူတို့ လိုချင်တာပဲ သူတို့ ဖြစ်ချင်တဲ့ အခြေအနေကို ကြည့်တာ သက်သက် မဟုတ်ဘဲနဲ့  တတိုင်းပြည်လုံးရဲ့  ကောင်းကျိုးကို ကြည့်စေချင်ပါတယ်။ စစ်တပ်အနေနဲ့ လူထုရဲ့ အမြင်ကို သက်ရောက်နိုင်စွမ်း ပြောင်းလဲနိုင်စွမ်း မရှိပါဘူး။ လူထုပြောင်းလဲလိုရင်၊ အုပ်ချုပ်မူကလည်း ပြောင်းရမှာပဲ” ဟု ဆိုသည်။

သို့ သော် လည်း သူ့ ကို မြန်မာအစိုးရက သမ္မတမဖြစ်အောင် တားမြစ် ထားလျှင် နောက်တယောက်ကိုသမ္မတအဖြစ် ရွှေးချယ်မှာလား ဆိုသည့် မေးခွန်းကို ဖြေကြားဖို့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုပါသည်။ “ အဲဒါတွေဖြစ်ရင် ကျမတို့ ဘာလုပ်မယ်ဆိုတာမျိုးကို ကျမမပြောချင်ဘူး။ ဖြစ်လာတဲ့အခါကျမှ ပြောကြတာပေါ့ “

  မြန်မာစစ်တပ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နောက်ပြန်လှည့် လာပြီဟု စိတ်ပူရသောလက္ခဏာများပြနေချိန် မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ပြုပြင်ပြောင်းရေး အခြေအနေတွေကို လေ့လာစီစစ်သုံးသပ်ကြဖို့ ပြောကြားလိုက်သည်။

  ပြီးခဲ့သည့် လပိုင်းများတွင် မြန်မာအာဏာပိုင်များက နိုင်ငံက လှို့ ဝှက် ဥပဒေများကို အသုံးချပြီး သတင်းစာဆရာတွေကိုထောင်ချခဲ့သလို ဆန္ဒပြကျောင်းသားများကိုလည်း အကြမ်းဖက်နည်းသုံးပြီး နှိမ်နင်းခဲ့သည်။

“ ကျမကတော့ အစကနဥိးကလို ပြုပြင်ပြောင်းလဲရေးတွေက အားကောင်း တယ်လို့ မထင်တော့ဘူး။ မတိုးတက်နေတာ သက်သက်ချည်း မဟုတ်တော့ ပဲ ဒါကိုနောက်ပြန်လှည့်နေတယ်လို့ ခေါ်ရမယ်”

ထို့ ပြင်သမ္မတဦးသိန်းစိန်အနေနှင့် သည်နှစ်ကျင်းပရန် ပြုလုပ်ဖို့ ရှိ သည့် ရွှေးကောက်ပွဲကို ခွင့်မပြုတော့မှာကိုလည်း စိုးရိမ်ရသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

“ ကျမတို့ တော့ စိုးရိမ်တယ် ဘာလို့ လဲဆိုတော့ ပြီးခဲ့တဲ့ နှစ် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရွှေးကောက်ပွဲထက် အခြေခံဥပဒေ ပြင်ဆင်ရေးထက် ဦးစားပေးသင့်တယ်လို့ သမ္မတက ပြောခဲ့တယ်လေ။ ဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဒါကို အဆုံးအဖြတ်ပေး မယ်လို့ ဆိုလိုချင်တာလား ၊ ဒါက ရွေးကောက်ပွဲကို ဖိအားပေးနေဖြစ်တယ် “ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

  မြန်မာအရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလတ်တနာ ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ၂၅ ရာခိုင်နှုန်းသာ ရှိသည်ဟု သူ ယုံကြည်ကြောင်း ဆိုပါသည်။ မြန်မာစစ်တပ်သည်အာ ဏာကို စွန့် လွှတ်ဖို့  မည်သည့်အခါမှ ကြံစည်စီစဉ်မည်မဟုတ်ဟု သူကပြောပါသည်။

" အခြေခံအားဖြင့် အစိုးရမှာ ရှေရှည်အစီအစဉ်ရှိနေခဲ့ပြီး သူတို့အတွက် သေချာတဲ့ နိုင်ငံရေးစနစ်တခုကို ဖန်တီးနေတယ်။ မြန်မာနိုင်ငံကို အဲဒိအတိုင်း အစကတည်းက သူတို့ က သွားစေချင်တယ်လို့ ကျနော်ထင်တယ် “ဟု ဘားတေးလစ်တာနာက ပြောကြားခဲ့ပါသည်။ .

" အဲဒါက လုပ်ငန်းစဉ်တခုမဟုတ်ဘူး သည်နေရာကနေ သည့်ထက်လည်း ပိုပြီး သွားတော့မှာလည်း မဟုတ်ဘူး။ ပြည်သူတွေက ပိုပြီး ဖိအားမပေး သရွေ့  ပြည်သူတို့ ရဲ့လိုလားချက်တွေကို နားထောင်ပေးမယ့် ဖြည့် စည်းပေးမယ့် တယောက်ယောက် မရှိသရွေ့ ပေါ့ လေ။ အခု လောလောဆယ်တော့ အဲဒါတွေက ဖြစ်ဖို့ မမြင်ပါဘူး" ဟု ပြောကြားခဲ့သည်။

  ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအတိုင်းပဲပြောပါသည်။

“၂၀၁၅ရွှေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရခဲ့ရင် အစိုးရနဲ့ စစ်တပ်က အသိအမှတ် မပြုမှာကို ပြည်သူတွေကလည်း စိတ်ပူတယ် “

  မြန်မာနိုင်ငံ၏ လိုလားချက်များကို ဖန်တီးပြောင်းလဲပေးနိုင်ရန် သူ့ကိုယ့်သူနှင့် သူ၏ ပါတီကိုမှု ဒေါ်အောင်ဆန်းစုကြည်က အသင့်ပြင်ဆင် ထားသည်ဟု ပြောကြားခဲ့သည်။

“အစပိုင်းမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို အမြဲဦးစားပေးပြီး ကျမတို့ လုပ်ပါတယ်။ ကျမတို့ က သန့် ရှင်းတဲ့ ပါတီပါ။ ကျမတို့ က ဆင်းရဲတယ် ဒါပေမဲ့ သန့်ရှင်းပါတယ်။ ဒါက ကောင်းမွန်တဲ့ အစိုးရ တစ်ရပ်ဖြစ်လာစေရေးအတွက် ပထမဆုံးခြေလှမ်းအစပျိုးမှုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ြ ပြည်သူလူထုက ခိုင်ခိုင်မာမာမဲပေးမှသာ စစ်တပ်အာဏာ တည်ဆောက် လိုသူများအတွက် ရွှေးစရာလမ်း အနည်းငယ်သာရှိလာစေမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

(လင်းလင်း ဘာသာပြန်သည်။)

The Ladies News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template