Headlines News :
Home » , » ထားဝယ် သင်္ကြန်အတွက် သွေးအိတ် ၆၀ ခန့် လှူဒါန်း

ထားဝယ် သင်္ကြန်အတွက် သွေးအိတ် ၆၀ ခန့် လှူဒါန်း

Written By Live100 on Thursday, April 9, 2015 | 11:42 PM



အဆင်ပြေလျှင်ကြော်ငြာကိုကလစ် ခဲ့ပါ


ထားဝယ်၊ ဧပြီ ၉
ထားဝယ်မြို့တွင် သကြန်ကာလ အရေးပေါ် သွေးလိုအပ်ချက်များကို
ဖြေရှင်းနိုင်ရန်အတွက် သွေးအလှူရှင်အသင်းများနှင့် တစ်ဦးချင်း
သွေးအလှူရှင် အသင်းများ စုပေါင်းကာ သွေးအိတ် ၆၀ ခန့်ကို ဧပြီလ ၉ ရက်နေ့က
ထားဝယ် အထွေထွေ ရောဂါကု ဆေးရုံကြီးထံသို့ လှူဒါန်းခဲ့ကြောင်း ဦးဆောင်
စီစဉ်သူများထံမှ သိရသည်။
စုပေါင်း သွေးလှူပွဲသို့ သွေးအလှူရှင် စုစုပေါင်း တစ်ရာ ၀န်းကျင်ခန့်
လာရောက် လှူဒါန်းခဲ့ကြသော်လည်း သွေးပေါင် အတက်အကျကြောင့်
မလှူလိုက်ရသူများလည်းရှိပြီး သွေးအလှူရှင် ၅၈ ဦး
လှူဒါန်းနိုင်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“သင်္ကြန်ဆိုရင် အမြဲတမ်း တွေ့နေရတာပဲ။ ဟိုနားမှာ ဆိုက်ကယ်တိုက်နေပြန်ပြီ။
ဟိုနားမှာ မှောက်နေပြန်ပြီ။ ဒီလို မတော်တဆ မှုတွေနဲ့ သင်္ကြန်မှာ
သွေးပိုလိုမယ်ထင်လို့ ကြိုပြီး လှူဖို့ စီစဉ်ဖြစ်တာပါ” ဟု
ဦးဆောင်စီစဉ်သည့် ထားဝယ် တိုင်းရင်းသားများ ပါတီဥက္ကဌ ဦးအေးမင်းက
ပြောသည်။
 
သင်္ကြန်ကာလအတွင်း ပျော်ပါးနေသူများနှင့်
တရားစခန်းရိပ်သာဝင်နေသူများရှိသဖြင့် အရေးပေါ်သွေးလိုအပ်လာပါက
သွေးအလှူရှင်ရှာဖွေရန် အခက်အခဲရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
“ဒီမှာ စုပေါင်းသွေးလှူမယ်ဆိုတာ သတင်းထဲမှာ တွေ့လို့ လာလှူဖြစ်တာပါ” ဟု
စုပေါင်းသွေးလှူပွဲတါင် သွေးလှူဒါန်းသူ အမျိုးသားတစ်ဦးက ပြောသည်။
သင်္ကြန်ကာလတွင် သွေးလိုအပ်မှုကို ဖြေရှင်းနိုင်ရန်အတွက် နှစ်စဉ်
သွေးလာရောက် လှူဒါန်းသူများရှိကြောင်း ထားဝယ် အထွေထွေ
ရောဂါကုဆေးရုံကြီးထံမှ သိရသည်။




 သွေးလှုဒါန်းပွဲမြင်ကွင်း  ဓာတ်ပုံ - ရဲထွဋ် / Dawei Watch

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template