မလေးရှားနိုင်ငံ Kedah (ကဒ) ပြည်နယ် ဆန်းဂေးပက်ထနီမြို့မှာ တစ်လသားကလေးငယ်
တစ်ယောက် အပါအဝင် မြန်မာ ၁၇၃ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့
လူဝင်မှုကြီးကြပ်ရေးက သောကြာနေ့ မနက်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။
ေ နေထိုင်ခွင့်လက်မှတ် အထောက်အထားမရှိတဲ့ အမျိုးသား ၈ဝ၊ အမျိုးသမီး ၄၆
ယောက်နဲ့ ကလေး ၄၇ ယောက်ကိုဖမ်းမိတာလို့ ကဒပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌါန
ညွှန်ကြားရေးမှူး မိုဟာမက်ဟာရှင်က ပြောပါတယ်။ အဲ့ဒီထဲက ၄ ယောက်ကိုတော့
အမျိုးသားမှတ်ပုံတင်ဌာနမှာ လက်မှတ်လုပ်နိုင်ဖို့ လွှဲပေးမယ်လို့ဆိုပါတယ်။
အဲ့ဒီမြို့မှာ နိုင်ငံခြားသားတွေ တစ်နေ့တခြားများလာနေတယ်လို့
ဒေသခံတွေကဝေဖန်ပြောဆိုမှုတွေ ဖြစ်လာတဲ့အတွက်
ရှာဖွေဖမ်းဆီးခဲ့တာလို့သိရပါတယ်။
RFA