Headlines News :
Home » » ရေပက်ခံ ယာဉ်များတွင် တားဆီးငွေတောင်းပါက အရေးယူမည်

ရေပက်ခံ ယာဉ်များတွင် တားဆီးငွေတောင်းပါက အရေးယူမည်

Written By Live100 on Sunday, April 5, 2015 | 11:09 PM



ပြီးခဲ့သည့်နှစ် ကော့သောင်း သင်္ကြန်မြင်ကွင်း
ဓာတ်ပုံ - နိုင်သစ် / Dawei Watch

|Dawei Watch| ကော့သောင်း၊ ဧပြီ ၅
ကော့သောင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ရေပက်ခံယာဉ်များကို တားဆီးပြီး ငွေတောင်းပါက ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း မတ်လ ၄ ရက်နေ့ ကော့သောင်း ခရိုင်ရဲတပ်မှူး ရုံးတွင်ပြုလုပ်သည့် သင်္ကြန်ကာလ မှုခင်းကျဆင်းရေး ဆွေးနွေးပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးက ပြောသည်။
မဟာသင်္ကြန်ပွဲတော်ကို အများ ပြည်သူအေးချမ်းစွာ ဆင်နွဲနိုင်ရန်အတွက် ကျင့်ထုံးပုဒ်မ ၁၄၄ အရ စည်းကမ်းချက် ၁၃ ချက်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက  ဧပြီလ ပထမအပတ်တွင် ထုတ်ပြန်ခဲ့သည်။
အထက်စည်းကမ်းချက်သည် ယင်း ၁၃ ချက်အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ဦးသောင်းညွန့်က ဆိုသည်။
“ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် တွေအပေါ်မှာ လိုက်နာမှု မရှိဘူးဆိုရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ ထောင်ဒဏ်ရော ၊ ငွေဒဏ်ပါ ပေးတဲ့အထိ ထိရောက်စွာ အရေးယူမယ်”ဟု ၎င်းက ဆိုသည်။
ရပ်ကွက် အသီးသီးရှိ နေအိမ်အချို့နှင့် လူစည်ကားရာ နေရာများတွင် အုန်းလက်မိုးကာ ရေကစား မဏ္ဍပ်များ နှစ်စဉ် ဆောက်လုပ် လေ့ရှိပြီး ၎င်းမဏ္ဍပ်များမှ ရေကစားသူများသည် ရေပက်ခံကား ၊ ဆိုက်ကယ်များကို တားဆီးကာ ငွေကြေး တောင်းခံလေ့ရှိကြောင်း ကော့သောင်းမြို့ဒေသခံများက ပြောသည်။
“ရေဖိုးတောင်းတယ် ၊ ဘီယာဖိုးတောင်းတယ်၊ မပေး မချင်း ဆိုင်ကယ်ကို အုပ်စုလိုက် ဆွဲထားတာမျိုး ၊ ပေး မသွားတာမျိုးကို လူငယ်အများစုနဲ့ မဏ္ဍပ် အတော် များများ ပြုလုပ်တယ်”ဟု အေးရိပ်ငြိမ်ရပ်ကွက်နေ ဦးသက်နိုင်က ဆိုသည်။
ပုဒ်မ ၁၈၈ တွင်   ပြစ်ဒဏ် ၂ မျိုးရှိပြီး စည်းကမ်းမလိုက်နာဘဲ လုပ်ဆောင်ပါက ထောင်ဒဏ် ၁လ နှင့် ငွေဒဏ် ၂၀၀ ကို လည်းကောင်း၊ လူ့အသက်၊ ကျန်းမာရေး၊ လုံခြုံရေး၊ ရုန်းယင်းဆန်ခတ်မှုများနှင့် သတ်ပုတ် နှောင့်ယှက်မှုများ ကျူးလွန်ပါက ထောင်ဒဏ် ၆လ နှင့် ဒါဏ်ငွေ ၁၀၀၀ တို့ ကျခံရမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
“ဆိုင်ကယ်နဲ့ ရေပက်ခံထွက်တဲ့ မိန်းကလေးတွေဆို တားပြီး အတင်း သနပ်ခါးလူးပေးတာ၊ ပေါင်ဒါလူးပေးတာမျိုး တွေ လုပ်တာလည်း တားမြစ်ပေး သင့်တယ်”ဟု ရွှေဟင်္သာရပ်ကွက်နေ မအေးမော်က ဆိုသည်။
မြို့နယ် အုပ်ချုပ်ရေးမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် ၁၃ ချက်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု့ ဓလေ့စရိုက်နှင့် မညီသည့် မတင့်တယ်သည့် ဝတ်စားဆင်ယင်မှု မပြုရန်လည်း ပါဝင်ကြောင်း သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template