Headlines News :
Home » » နေပူချိန်မြင့်တတ်နေသဖြင့် သင်္ကြန်ကာလတွင် အရက်သောက်စားပြီး ရေကစားသူများ ဦးနှောက်သွေးကြောပြတ်နိုင်

နေပူချိန်မြင့်တတ်နေသဖြင့် သင်္ကြန်ကာလတွင် အရက်သောက်စားပြီး ရေကစားသူများ ဦးနှောက်သွေးကြောပြတ်နိုင်

Written By Live100 on Friday, April 10, 2015 | 9:27 PM


သင်္ကြန်ကာလအတွင်း နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပါ က ယမကာမှီဝဲ၍ ရေကစားသူများ ဦးနှောက်သွေးကြောပေါက်ကာ ဦး နှောက်အာရုံကြော ပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။

“အခုက နေ့အပူချိန်က အရမ်းမြင့်တက်နေတယ်။ ဆားဓာတ်နဲ့ ရေဓာတ်မမျှတဲ့အတွက်ကြောင့် အားနည်းပြီး မူးမောတဲ့လူနာတွေကို တွေ့ ရတယ်။ ဒီအပူချိန်တိုင်း သင်္ကြန်မှာ ပူရင်တော့ အရက်သောက်ပြီး သင်္ကြန် ရေကစားမယ့်သူတွေ အတွက်တော့ ဦးနှောက် သွေးကြော ပေါက်တာတို့၊ အာရုံကြောပျက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်။ ဘာလို့တုန်းဆိုတော့ မူးနေတဲ့ အချိန်နဲ့ နေအပူရှိန်ကလည်း မြင့်တက်နေတဲ့ အချိန်နဲ့ ရေဆိုလိုက် ပြန်ပူသွားလိုက်နဲ့ စောစောကပြောတဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်”ဟု ဒေါက်တာကပြောသည်။

မြန်မာနိုင်ငံတ၀န်းတွင် မကွေးတိုင်းဒေသကြီး အောင်လံ၊ တောင် တွင်းကြီး၊ မကွေးစသည့်မြို့နယ်များ မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ကယားပြည်နယ်ရှိ ဘော်လခဲမြို့နယ် စုစုပေါင်း ၆ မြို့နယ်၌ သတ်မှတ်သည့် နေ့အပူ ချိန်ထက် ၂ မှ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လျက်ရှိရာ ကယားပြည်နယ်တွင် သာမန်အပူချိန် ၃၃ ဒသမ ၀ ဒီဂရီစင်တီဂရိတ်သတ် မှတ်ထားသော်လည်း ဘော်လခဲမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှအရာရှိတဦး ကဆိုသည်။

နေ့အပူချိန်မြင့်တက်နေခြင်းကြောင့် လုပ်သားပြည်သူ့ဝန်ထမ်းများ ရေဓာတ်နှင့် ဆားဓာတ်မမျှတသည့် အတွက် ချွေးထွက်လွန်ခြင်း၊ မူးမောခြင်း၊ အားနည်းခြင်းများ အဖြစ်များ လျက်ရှိပြီး ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ ရှိသူများနှင့်သက်ကြီးရွယ်အိုများ၊ ကလေးသူငယ် များအနေဖြင့် အသက်အန္တရာယ်ရှိကြောင်း ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။ “ရပ်ကွက်ထဲက ဆေးခန်းတွေမှာလည်း ချွေးပြန်၊ ရေဓာတ်၊ ဆားဓာတ်ကုန်ခန်းပြီးတော့ အားပြတ်တဲ့သူတွေ အားဆေးလာသွင်းကြ တယ်။ ပုလင်းကြီးလာချိတ်ကြတယ်။ အပူချိန်အရမ်းမြင့်လာတာကို ကာ ကွယ်ဖို့ဆိုရင်တော့ ဦးထုပ်ဆောင်း၊ အရောင်ရင့်တာမ၀တ်နဲ့အရောင်ရင့် ရင့်အပူဆုတ်တယ်။ နေကာမျက်မှန်ကောင်းကောင်းတပ်ပြီးမှ အပြင်ကို သွားရမယ်။ လုံလုံခြုံခြုံ ၀တ်ဆင်ဖို့လည်းလိုပါတယ်”ဟု ၎င်းကဆိုသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများတွင်လည်း ခရမ်းလွန်ရောင် ခြည်ပါဝင်မှုနှုန်းများလျက်ရှိပြီး လွန်ကဲအဆင့်သို့ရောက်ရှိနေသည့်အတွက် သင်္ကြန်ရေကစားမည့်သူများအနေဖြင့် အရေပြားယားယံခြင်း၊ အရေပြား ကင်ဆာဖြစ်ပွားနိုင်သည့်ပြင် မျက်စိအတွင်းတိမ်ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာအောင်ဆန်းဝင်းက သတိပေးပြောဆိုသည်။

  နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template