Headlines News :
Home » » ကွန်ဂိုမှာလည်း ​လူသေအလောင်း ​ရာနဲ့ချီတွေ့

ကွန်ဂိုမှာလည်း ​လူသေအလောင်း ​ရာနဲ့ချီတွေ့

Written By Live100 on Wednesday, April 8, 2015 | 11:09 AM


လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ နေရာမှာ အီရတ်စစ်သားတွေ စောင့်ကြည့်စဉ် (Credit: Reuters) 

Tikritမြို့က လူအစုလိုက် သတ်ဖြတ်ခံရတဲ့ သင်္ချိုင်းကို စစ်ဆေး

အီရတ်နိုင်ငံ ​Tikrit ​မြို့ကို ​IS ​အစ္စလာမ်မစ် ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့နောက်ပိုင်း ​လူအစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံရတဲ့ ​နေရာတွေမှာ ​တူးဖော်မှုတွေ ​စတင်နေကြပြီ ​ဖြစ်ပါတယ်။

လူအစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံရတဲ့ ​နေရာမှာ ​ရှီရိုက်စစ်သား ​အယောက်ပေါင်း ​၁၇၀၀ ​လောက် ​အသတ်ခံခဲ့ရတဲ့ ​နေရာ ​ဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

အီရတ်နိုင်ငံ ​မြောက်ပိုင်းမှာ ​နယ်မြေသိမ်းပိုက်ခဲ့တဲ့ ​IS ​အဖွဲ့ဟာ ​ဇွန်လတုန်းကပဲ ​ရှီရိုက် ​စစ်သား ​အများအပြားကို ​သတ်ဖြတ်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလို ​အတောအတွင်း ​အသက်ရှင် ​ကျန်ရစ်သူ ​တစ်ဦးရဲ့ ​ပြောပြချက်အရ ​စတုတ္တ ​ကျဉ်ဆံက ​သူ့ကို ​ပစ်ဖို့ ​ရည်ရွယ်ခဲ့ကြပေမယ့် ​သူ့ကို ​မထိခဲ့ဘူးလို့ ​ဆိုပါတယ်။ ​အဲဒီနောက် ​ပဉ္စမမြောက် ​ကျဉ်ဆံနဲ့ ​သူ့နဘေးက ​လူကို ​ပစ်သတ်ခဲ့ကြပါတယ်။ ​သူကလည်း ​လူသေတစ်ယောက်ကို ​လဲကျဟန်ဆောင်ခဲ့ပြီး ​ဘေးနားမှာ ​ပစ်သတ်ခံရတဲ့ ​လူတွေရဲ့ ​သွေးတွေက ​သူ့ကို ​ပေကျံခဲ့တဲ့အတွက် ​သူ့ကို ​သေပြီလို့ ​ယူဆကြတယ်လို့ဆိုပါတယ်။ ​အဲဒီနောက် ​သူက ​ချိုင့်ဝှမ်းဘက်ဆီ ​ကိုယ့်ကိုကိုယ် ​လှိမ့်ချခဲ့ရာက ​လွတ်မြောက်လာတယ်လို့ ​ပြောပြခဲ့ပါတယ်။

ရှီရိုက် ​စစ်သား ​ထောင်နဲ့ချီကို ​IS ​အဖွဲ့တွေ ​အစုလိုက် ​သတ်ဖြတ်ခဲ့တာကို ​ကြည့်ခြင်းအားဖြင့် ​အီရတ်နိုင်ငံမှာ ​လူများစု ​ဖြစ်နေတဲ့ ​ရှီရိုက် ​လူမျိုးတွေကို ​IS ​အဖွဲ့အနေနဲ့ ​ဘယ်လောက် ​မုန်းတီးသလဲ ​ဆိုတာကို ​သိသာစေတယ်လို့ ​သုံးသပ်နေကြပါတယ်။


ကွန်ဂိုမှာလည်း ​လူသေအလောင်း ​ရာနဲ့ချီတွေ့


ကွန်ဂို ​ဒီမိုကရက်တစ် ​ပြည်သူ့သမ္မတ ​နိုင်ငံရဲ့ ​မြို့တော် ​Kinshasa ​မှာလည်း ​လူအစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံထားရတဲ့ ​သင်္ခြိုင်း ​တစ်ခုကို ​တွေ့ရှိတဲ့အတွက် ​စစ်ဆေးမှုတွေ ​ပြုလုပ်ဖို့ ​ကွန်ဂို ​အစိုးရကို ​တိုက်တွန်းနေကြပါတယ်။

အဲဒီ ​နေရာမှာ ​လူအယောက်ပေါင်း ​၄၀၀ ​ကျော်ရဲ့ ​အလောင်းကို ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

ကွန်ဂို ​အစိုးရကတော့ ​ဒေသတွင်း ​အာဏာပိုင်တွေက ​အရင်လတုန်းကပဲ ​လူသေအလောင်းတွေကို ​အဲဒီနေရာမှာ ​မြုပ်နှံခဲ့တာ ​ဖြစ်ပြီး ​အဲဒီထဲမှာ ​ကိုယ်ဝန်ဆောင် ​ကာလအတွင်း ​ပျက်ကျသွားတဲ့ ​သန္ဓေသားတွေနဲ့ ​ဘယ်သူရဲ့ ​ဆွေမျိုးတွေမှန်း ​မသိရတဲ့ ​အလောင်းတွေသာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

လူ့အခွင့်အရေး ​စောင့်ကြည့်ရေးအဖွဲ့ ​ကတော့ ​ဇန်နဝါရီလတုန်းက ​ဖြစ်ပေါ်ခဲ့တဲ့ ​အစိုးရကို ​ဆန့်ကျင်ဆန္ဒပြမှုအတွင်း ​ပါဝင်သူတွေရဲ့ ​အလောင်းတွေ ​ဖြစ်နိုင်သလို ​ရာဇဝတ်သားတွေရဲ့ ​အလောင်းတွေ ​ဖြစ်နိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

ဇန်နာဝါရီလတုန်းက ​ဖြစ်ပေါ်ခဲ့တဲ့ ​ဆန္ဒပြမှုအတွင်း ​လူအယောက်ပေါင်း ​၄၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template