အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးရှိနေအိမ်အားဝင်ရောက်တိုက်မိ၍ နေအိမ်အတွင်းရှိနေသူများ သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဧပြီ ၇
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ည ၁၁ နာရီ ၅ဝ မိနစ်အချိန် ရခိုင်ပြည်နယ်၊
တောင်ကုတ် မြို့နယ်၊ ပတ်လည်ကျေးရွာ၊ ပန်းတောင်း -တောင်ကုတ်ကားလမ်း၊
မိုင်တိုင်အမှတ်(၇၇/၃)တွင် ယာဉ် တစ်စီးမှ တဲအိမ်အား ဝင်ရောက်တိုက်မိကြောင်း
သတင်းအရ တောင်ကုတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ တောင်ကုတ်မြို့မှ ပန်းတောင်း ဘက်သို့ ဧရာဝတီတိုင်းဒေသကြီး၊
ကြံခင်းမြို့နယ်နေ သက်ဦးမောင်(၃၄)နှစ် မောင်းနှင်လာသော ၁ခ/****
ယူဒီ(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိတဲအိမ်အား ဝင်ရောက်
တိုက်မိခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် တဲအိမ်တွင်နေထိုင်သည့် မိသားစုဝင်(၄)ဦးအနက်
ဒေါ်ရီရီသန့်(၃၇)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်း ဦးချာလေး(၄၄)နှစ်၊ သမီးဖြစ်သူ
မသန္တာလှိုင်(၅)နှစ်နှင့် သားဖြစ်သူ မောင်စိုးထက်အောင်(၁)နှစ်(၆)လ တို့တွင်
ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့
ကူညီပို့ဆောင်ပေးခဲ့ပြီး သက်ဦးမောင်အား တောင်ကုတ်မြို့မရဲစခန်း
ယာဉ်(ပ)၁၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
ရဲဇာနည်
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago