
မူးယစ်ဆေး မှောင်ခိုမှုနဲ့ သေဒဏ် စီရင်ချက် ချမှတ်ခံထားရတဲ့ သြစတေးလျှနိုင်ငံသား ၂ ဦးရဲ့ အသနားခံလျှောက်ထားချက်ကို အင်ဒိုနီးရှား တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
သြစတေးလျှနိုင်ငံသားတွေဖြစ်တဲ့ Andrew Chan နဲ့ Myuran Sukumaran တို့ဟာ ၂၀၀၅ ခုနှစ်က အင်ဒိုနီးရှား ဘာလီကျွန်းမှာ ဟီရိုအင်း တရားမ၀င် ကုန်ကူးသူ ၉ ဦး အုပ်စုထဲမှာ ခေါင်းဆောင်အဖြစ် ပါဝင်သူများ ဖြစ်ပါတယ်။
အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့ လွတ်ငြိမ်းချမ်းသာခွင့် မပေးဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အပေါ် သူုတို့ ၂ ဦးက ပြစ်ဒဏ်လျှော့ပေါ့ပေးရေးအတွက် လျှောက်ထားခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးဟာ အင်ဒိုနီးရှားမှာ မကြာခင် သေဒဏ်စီရင်တော့မယ့် မူးယစ်ဆေး ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသား ၁၀ ဦးထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။
ယမန်နှစ် သမ္မတ ၀ီဒိုဒို အာဏာရရှိပြီး ကတည်းက မူးယစ်ဆေးဆိုင်ရာ ပြစ်မှုများကို ပြင်းထန်စွာ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း မူးယစ်ဆေး ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသား ၅ ဦး အပါအ၀င် စုစုပေါင်း ၆ ဦးကို သေဒဏ်စီရင်ချက် ချမှတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
သြစတေးလျှ နိုင်ငံဘက်က သူတို့ ၂ ဦးရဲ့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။
BBC Burmese