Headlines News :
Home » » သြစတြေးလျတွင် မွတ်စလင်ဆန့်ကျင်သူများနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများ ပဋိပက္ခဖြစ်

သြစတြေးလျတွင် မွတ်စလင်ဆန့်ကျင်သူများနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများ ပဋိပက္ခဖြစ်

Written By Live100 on Sunday, April 5, 2015 | 7:07 PM

 
သြစတြေးလျ မြို့ကြီးတွေမှာ ဧပြီ ၄ ရက်နေ့က မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ လူမျိုးရေး ခွဲခြားမှုဆန့်ကျင်ရေး တန်ပြန်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို သြစတြေးလျပြန်လည်ကယ်တင်ရေး လှုပ်ရှားမှုအဖွဲ့အစည်းက ဦးဆောင်စီစဉ်ခဲ့ပြီး ခေါင်းမြီးခြုံမွတ်စလင်ဝတ်ရုံဝတ်ဆင်မှုကို ပိတ်ပင်ဖို့ တောင်းဆိုကြပါတယ်။
အစ္စလာမ်ရှီယာဥပဒေနဲ့ သြစတြေးလျနိုင်ငံမှာ မွတ်စလင်လွှမ်းမိုးမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
“ဒီမွတ်စလင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ မွတ်စလင်တွေအပေါ် နားလည်မှုမရှိကြပဲ ကြောက်တာပဲ သိတယ်။ သြစတြေးလျနိုင်ငံသားတွေဟာ လက်ခံကြိုဆိုသူတွေ၊ သဘောထားကြီးသူတွေပဲ ဖြစ်သင့်တယ်” လို့ တန်ပြန်ဆန္ဒပြသူတဦးက ပြောဆိုပါတယ်။
မွတ်စလင်ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ နှစ်ဖက်ထိပ်တိုက်တွေ့ခဲ့ကြပြီး ၀ိတိုရိယပြည်နယ်ရဲတပ်ဖွဲ့က လူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
ဘရစ်ဘန်းမြို့က မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာတော့ သြစတြေးလျနိုင်ငံတော်အလံကို မီးရှို့ခဲ့ကြပါတယ်။
“သြစတြေးလျနိုင်ငံရဲ့ အမှတ်လက္ခဏာ၊ သြစတြေးလျပြည်သူတွေရဲ့လွတ်လပ်မှုကို နောက်ကွယ်ကနေ ဖျက်ဆီးနေသူတွေရှိနေတယ်” လို့ မွတ်စလင်ဆန့်ကျင်ရေး One Nation ပါတီခေါင်းဆောင် ပေါလိုင်း ဟန်ဆန် (Pauline Hanson) က ပြောဆိုပါတယ်။
ဆစ်ဒနီမြို့မှာလည်း သြစတြေးလျပြန်လည်ကယ်တင်ရေးလှုပ်ရှားမှုကို ထောက်ခံသူ ၂၀၀ လောက် ဆန္ဒပြခဲ့ကြပြီး လူမျိုးရေးဘာသာရေးခွဲခြားမှုကို ဆန့်ကျင်သူ ၂ ဦး ဖမ်းဆီးခံရတယ်လို့ Nine Network ရုပ်သံသတင်းဌာနက ကြေညာပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template