တောင်တရုတ်ပင်လယ်အတွင်းက လင်ဖာ တိုင်ဖုန်းမုန်တိုင်းဟာ အခုနှစ်ရဲ့ ၁၀
ခုမြောက် မုန်တိုင်းအဖြစ် ဇူလိုင် ၉ ရက်နေ့မှာ ထိုင်ဝမ်ကျွန်းကို
ဖြတ်သန်းဝင်ရောက်ဖို့ ရှိနေတာကြောင့် ထိုင်ဝမ်မှာ မုန်တိုင်းသတိပေးချက်
ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဟာ ၁ နာရီ ၁၀ ကီလိုမီတာနှုန်းနဲ့
တောင်တရုတ်ပင်လယ်မြောက်ပိုင်းကို ဆက်လက် ရွေ့လျားနေပြီး....
ဇူလိုင် ၆ ရက်နေ့က
ထိုင်ဝမ်တောင်ပိုင်း ကီလိုမီတာ ၃၈၀ အကွာမှာ ဗဟိုပြု တိုက်ခတ်နေတယ်လို့
ထိုင်ဝမ် မိုးလေ၀သအေဂျင်စီက ထုတ်ပြန်ပါတယ်။
အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ တိုက်ခတ်နေပြီး
ထိုင်ဝမ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးအသည်းအသန် ရွာသွန်းနိုင်တယ်လို့
မိုးလေ၀သအေဂျင်စီက ဆိုပါတယ်။
ထိုင်ဝမ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ ပုံမှန်မိုးရွာသွန်းမှုပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
DVB