Headlines News :
Home » » စက်ဘီးသမားများအတွက် အသိဉာဏ်ရှိ ဂျက်ကတ် အင်္ကျီ

စက်ဘီးသမားများအတွက် အသိဉာဏ်ရှိ ဂျက်ကတ် အင်္ကျီ

Written By Live100 on Sunday, July 5, 2015 | 8:15 AM









မက္ကဆီကိုမြို့တော်မှ တက်သစ်စတီထွင်သူတွေက “Smart Ride” လို့ခေါ်တဲ့ အသိဉာဏ်ရှိ ဂျက်ကတ် အင်္ကျီကို တီထွင်ခဲ့ကြပါတယ်။
ဒီဂျက်ကတ်မှာ ဆင်ဆာတွေ၊ အယ်လ်အီးဒီမီးတွေ အရေးပေါ်အချက်ပေးစနစ်တွေပါတာမို့ ရှုပ်ထွေးမြို့ပြတွေက လူ့အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
မက္ကဆီကိုလမ်းမတွေပေါ်မှာ စက်ဘီးစီးရတာ မလွယ်လှပါဘူး။ လူ ၂၁ သန်းလောက် အပြိုင်လုသွားနေရတဲ့ လမ်းမတွေပေါ်မှာ စက်ဘီးစီးသူတွေကို အလင်းတွေ တပ်ဆင်ပေးတာဟာ ထူးခြားတဲ့စိတ်ကူးပါပဲ။
ကျောင်းသား ၂ ယောက်ကတော့ အချက်ပြမီးတွေ၊ ဘရိတ်မီးတွေနဲ့ အရေးပေါ်အချက်ပေးစနစ်တွေပါတဲ့ “Safe Ride” ဂျက်ကတ်ကို ၀တ်ပြီး စက်ဘီးစီးကြည့်ပြီးသွားပါပြီ။
တီထွင်သူတွေထဲက တဦးဖြစ်တဲ့  ရောဘက်တိုရိဗာ့စ်က “စက်ဘီးစီးနေတုန်းမှာ ကားသမားတွေက ရှေ့ကပေါ်လာတဲ့အချိန်၊ ဘရိတ်အုပ်တဲ့အချိန်၊ သူတို့ ဘာလုပ်တော့မယ်ဆိုတာကို သူတို့ကို အချက်ပြနိုင်မယ့် ကိရိယာတခု ထွင်ရင်ကောင်းမယ်ဆိုပြီး စိတ်ကူးရခဲ့တာပါ။ ဒါလေးက စက်ဘီးသမားတွေနဲ့ ကားသမားတွေ အပေးအယူမျှနိုင်မယ့် ဘာသာစကားတခုပဲ ဆိုပါတော့” လို့ ပြောပါတယ်။
အပိုင်း ၃ ပိုင်းပါတဲ့ ဒီဂျက်ကတ်မှာ တောက်လျှောက်လင်းနေမယ့် ပင်မဒိုင်းခွက်တွေပါတယ်။ ဘယ်ညာ အချက်ပြ ဒိုင်းခွက် ၂ ခုမှာ စက်ဘီးသမားက ဘယ်ကွေ့မလား၊ ညာကွေ့မလားဆိုတာ အယ်လ်အီးဒီဒိုင်ခွက်လို အလင်းနဲ့ အချက် ပြမှာပါ။
တွဲဖက်တီထွင်သူ ဒန်မီအန်ရီးရဲလ်ကတော့ ဒီဂျက်ကတ်ရဲ့ထူးခြားချက်က စက်ဘီးစီးနင်းသူရဲ့ စမတ်ဖုန်းနဲ့ ချိတ်ထားတဲ့ အချက်ပြစနစ်ကို ထည့်သွင်းတည်ဆောက်ထားတာ လို့ ဆိုပါတယ်။
“ဒီစနစ်က မိုဘိုင်းဖုန်းဆင်ဆာတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် မြန်နှုန်းပြောင်းသွားတာနဲ့ အသေးစိတ် အချက်အလက်တွေကို ပေးပို့မှာ ဖြစ်ပါတယ်။ အကယ်၍ ထိခိုက်မှုဖြစ်ခဲ့ရင်လည်း စက်ဘီးစီးနင်းသူကို ရှာတွေ့နိုင်မယ့် နေရာကို ထုတ်ပြန်ပေးမှာပါ။ ဒါကြောင့် သူ့မှာ ကြိုတင်ကာကွယ်တဲ့စနစ်ရယ် တကယ်လို့ ယာဉ်တိုက်မှု ဖြစ်ခဲ့ရင်လည်း နှိုးဆော်ပေးနိုင်တဲ့စနစ်ရယ်ဆိုပြီး ၂ မျိုးပါတာကို တွေ့ရမှာပါ။ ”
အယ်လ်အီးဒီမီးတွေကို ကာကွယ်ပေးမယ့် အလင်းဖောက်အကြမ်းခံအလွှာနဲ့ အားပြန်သွင်းပေးနိုင်တဲ့ အပေါ့စား လစ်သီယန် ဘက်ထရီတပ်ဆင်ထားတဲ့ ဒီ”Smart Ride”ခေတ်အမီဆုံး ဂျက်ကတ်ပါပဲ။ ဈေးနှုန်းကလည်း လူတိုင်းတက်နိုင်တဲ့ ပီဆိုငွေ ၆၀၀၊ အမေရိဒေါ်လာ ၄၀ လောက် ကျသင့်မှာမို့ စက်ဘီးစီးနင်းသူတွေအဖို့ လမ်းမကြီးတွေပေါ်မှာ ရဲရဲတင်းတင်းနဲ့ စက်ဘီးနင်းနေတာကို တွေ့ရတော့မှာ ဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template