Headlines News :
Home » » ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်ဝင်ခွင့်အတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးထားကြောင်း နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ပြောကြား

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်ဝင်ခွင့်အတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးထားကြောင်း နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ပြောကြား

Written By Live100 on Tuesday, July 7, 2015 | 8:42 AM

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာပါ ကန့်သတ်ချက်များအား ဖြေလျှော့မှုများ ပြုလုပ်ထားကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ပြောကြားသည်။

ဇူလိုင် ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးဆလိုင်းခွဲယန်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ဘီအီးဒီ ငါးနှစ် သင်တန်းဝင်ခွင့် လျှောက်လွှာပါ ကန့်သတ်ချက်များအား ပြင်ဆင်သတ်မှတ် ပြောင်းလဲပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းချက်အပေါ်တွင် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီးက ၀င်ခွင့်လျှောက်လွှာတွင် ပါဝင်သည့် မိဘနှစ်ပါးစလုံးသည် နိုင်ငံရေး ကင်းရှင်းရမည်ဟူသည့် အချက်အစား လျှောက်ထားသူသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သည် ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ထမ်းများ မွေးထုတ်ပေးသော တက္ကသိုလ်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် လျှောက်လွှာတွင် ပါဝင်နေသည့် လျှောက်ထားသူသည် အားကစားတစ်မျိုးမျိုး ထူးချွန်သူဟူသည့် အချက်အား အားကစားထူးချွန်သူများကို ဦးစားပေးမည်ဟု ဖြေလျှော့ပြင်ဆင် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ပညာရေးဘာသာရပ်၊ စာပေဘာသာရပ်များ၊ ဖွံ့ဖြိုးရေး ဘာသာရပ်များနှင့် အထူးဖွံ့ဖြိုးရေး ဘာသာရပ်များ ပို့ချလျက်ရှိကြောင်း၊ ဖွံ့ဖြိုးရေးဘာသာရပ်တွင် အားကစားပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။

မိဘနှစ်ပါးစလုံးသည် ဒေသခံ ဇာတိသား ဖြစ်ရမည်ဟူသည့် သတ်မှတ်ချက်အား မိဘနှစ်ပါးစလုံးသည် ဒေသတွင် အမှန်တကယ် နေထိုင်သူများ ဖြစ်ရမည်ဟု ထည့်သွင်းပြင်ဆင် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်ရန်အတွက် ရွေးချယ်ရာတွင် နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များကို သတ်မှတ်ချက်များနှင့်အညီ ဦးစားပေး ရွေးချယ်လျက်ရှိကြောင်း၊ နယ်စပ်ဒေသများ၏ ပညာရည်မြင့်မားရေး၊ လူမှုစီးပွားဘ၀ မြင့်မားရေးအတွက် သင်တန်းဆင်းပြီးပါက မိမိဒေသများသို့ ပြန်လည်စေလွှတ် တာဝန်ပေးအပ်ပြီး ဆောင်ရွက်စေရန် ရည်ရွယ်ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ပြောကြားသည်။

တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ဝင်ခွင့်အတွက် ကန့်သတ်ချက်များမှုအပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ကန့်သတ်ချက်တွေက သိပ်များလွန်းအားကြီးတယ်။ နိုင်ငံတော်သမ္မတ အတွက်တောင် အဲဒီလောက်ကြီး ကန့်သတ်ချက် မများဘူး” ဟု မှတ်ချက်ပြုခဲ့သည်။
Writer: 
စိုးမင်းထိုက်
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template