Headlines News :
Home » » ကျောင်းသားခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်းထုတ်

ကျောင်းသားခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်းထုတ်

Written By Live100 on Sunday, July 5, 2015 | 8:40 AM


ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဇွန်လ ၃ဝ ရက်နေ့က တကသ ကျောင်းသားတွေ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့ကို ချီတက်ဟောပြောကြစဉ်
Photo: Aung Thain Kha/RFA

                    လွှတ်တော်အသီးသီးက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြ တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) ခေါင်းဆောင် ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။
တကသ ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်နဲ့ ကိုနန်းလင်းတို့ကို ပန်းပဲတန်းမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်တယ်လို့ ပန်းပဲတန်းမြို့နယ် ရဲစခန်းက ရဲမှုး ဦးခင်မောင်ထွေးက အတည်ပြုပြောပါ တယ်။
"ဖမ်းဝရမ်းက ပန်းပဲတန်းမြို့နယ် တရားရုံးကထုတ်တာပါ၊ ပန်းပဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာန ကပါ၊ သူကတရားရုံးကို တိုင်လျှောက်လို့ပါ၊ သူတို့က လည်း ဖမ်းဝရမ်းထုတ်ပေးပါဆိုတော့ တရားသူကြီးက ထုတ်ပေးတာပေါ့နော်၊ ၁ ရက်နေ့ကပါ၊ ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူ သုံးယောက်ပါခင်ဗျာ၊ သူတို့ရဲစခန်းရော၊ တိုင်းရော၊ ခရိုင်ရော အကုန်လုံးဝရမ်းတွေကို ကျနော်မိတ္တူပေးလိုက်တာပေါ့နော်၊ အားလုံး ဖမ်းဖို့ရာအတွက် ညွှန်ထားတာပေါ့"
အဲ့ဒီအထဲက တကသ အဖွဲ့ဝင် ကိုပိုင်ရဲသူကို ဇူလိုင် ၁ ရက်နေ့ညက ဖမ်းဆီးလိုက်ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။
ကိုဇေယျာလွင်နဲ့ ကိုနန်းလင်းတို့ ၂ ဦး ကတော့ လက်ရှိမှာ အဖမ်းမခံရသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့မှာ တကသ ကျောင်းသားအဖွဲ့ဝင်တွေ စုပေါင်းပြီး လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးရေးကို ရန်ကုန်မြို့ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။
သူတို့ သုံးဦးကို ပုဒ်မ ၅ဝ၅(ခ) အပြင် တရားမဝင် စီတန်းလှည့်လှည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပန်းပဲတန်း မြို့နယ်ရဲစခန်းက အမှုဖွင့်ထားသလို နောက်ထပ် ကျောင်းသား၂ ဦးကိုလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template