Headlines News :
Home » » FIFA အမျိုးသမီးကမ္ဘာ့ဖလား အမေရိကန် ဗိုလ်စွဲ

FIFA အမျိုးသမီးကမ္ဘာ့ဖလား အမေရိကန် ဗိုလ်စွဲ

Written By Live100 on Monday, July 6, 2015 | 10:13 AM



၂၀၁၅ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲဖိုင်နယ်ကို ကနေဒါနိုင်ငံ ဗန်ကူဗားမြို့မှာ အမေရိကန် နဲ့ ဂျပန်အသင်းတို့ ကစားခဲ့ကြတာမှာ အမေရိကန် အသင်းက ၅ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ကမ္ဘာ့ဖလားကို ဗိုလ်စွဲသွားပါတယ်။ အမေရိကန်အတွက် ကာလီလွိုက်ဒ် (Carli Lloyd) က ၃ ဂိုး၊ ဟောလီးဒေး (Holiday) နဲ့ ဟိသ် (Heath) တို့က သွင်းခဲ့တာဖြစ်ပြီး ဂျပန်ဘက်အတွက် ဂိုးတွေကိုတော့ အိုဂိမိ (Ogimi) က ၁ ဂိုး၊ အမေရိကန် နောက်တန်းလူ ဂျွန်စတင် ကိုယ့်ဂိုးကိုယ် ၁ ဂိုးသွင်းပေးခဲ့ပါတယ်။

အမေရိကန်အသင်းဟာ ပွဲစတာနဲ့ ဂျပန်အသင်းဘက်ကို အင်တိုက်အားတိုက် ထိုးဖောက်ခဲ့တာကြောင့် ပွဲချိန် ၂ မိနစ်နဲ့ ၄ မိနစ်မှာ အမေရိကန်အသင်း ခေါင်းဆောင် Carli Lloyd က ၂ ဂိုးသွင်းယူခဲ့ပါတယ်။ အမေရိကန်အတွက် တတိယဂိုးကိုတော့ အမေရိကန်အသင်းက Holiday က သွင်းယူခဲ့ပြီး စတုတ္ထဂိုးကိုတော့ Carli Lloyd က ဂျပန်ဂိုးသမား ရှေ့ထွက်နေတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်စည်းကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂျပန်အသင်းက ဒုတိယပိုင်းအစမှာ ဂျပန်အသင်းက ဂိုးရှေ့တင်တာကို အမေ၇ိကန်နောက်တန်းလူ ဂျွန်စတင် ခေါင်းတိုက်ဖျက်ထုတ်တာမှာ ကိုယ့်ဂိုးကိုယ် သွင်းလိုက်မိတဲ့အတွက် ဂျပန်အသင်း ဒုတိယဂိုးရခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အသင်းက ဟိသ် (Heath) က ၂ မိနစ်အကြာမှာ ပြန်သွင်းလိုက်လို့ နောက်ဆုံးမှာ အမေရိကန်က ၅ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်တွေမှာလည်း အနိုင်ရခဲ့တာကြောင့် ဒါဟာ အမေရိကန်အတွက် တတိယအကြိမ် ဗိုလ်စွဲတာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဖိုင်နယ်မှာ ၃ ဂိုးသွင်းသွားတဲ့ အမေရိကန်အသင်းခေါင်းဆောင် Carli Lloyd က ရသွားပြီး ဂျပန် အသင်းခေါင်းဆောင် မီယာမကတော့ တတိယအကောင်းဆုံးဘောလုံးသမားဆုကို ရသွားပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆုကိုတော့ အမေရိကန် ဂိုးသမား Hope Solo က ရရှိသွားခဲ့ပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template