Headlines News :
Home » » ကရင်ပြည်နယ်ကတိုက်ပွဲ ထိုင်းသတင်းစာရှင်းလင်း

ကရင်ပြည်နယ်ကတိုက်ပွဲ ထိုင်းသတင်းစာရှင်းလင်း

Written By Live100 on Tuesday, July 7, 2015 | 8:26 PM


 ယနေ့မဲဆောက်မြို့ တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ။
ဇူလိုင် - ၇ - ၂၀၁၅

 ရက်သတ္တတပတ်ရှိပြီးဖြစ်တဲ့ မြန်မာစစ်တပ်နဲ့(ဒီကေဘီအေ) တိုက်ပွဲကြောင့် လိုအပ်ပါက လူသားချင်းစာနာတဲ့ အကူအညီတွေပေးဘို့ ထိုင်းဘက်က ပြင်ဆင်ထားတဲ့အကြောင်း ဒီနေ့မနက် မဲဆောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လက်ထောက်တာ့ခ်ခရိုင်ဝန် နိုင်စူထားစိုင်ဝါနစ်က မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ တပတ်ရှိပြီး နှစ်ဖက်နယ်စပ်မှာတော့ စိုးရိမ်ရတဲ့ အနေအထားတွေ မရှိသေးဘူး အကယ်၍ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကိုရောက်ရှိလာမဲ့လူတွေကို လူသားခြင်းစာနာတဲ့ အကူအညီတွေပေးသွားဘို့အတွက် ထိုင်းဘက်ကပြင်ဆင်ထားတယ်လို့ သတင်းထောက်တွေကို ပြောတာပါ။

တိုက်ပွဲတွေကြောင့် ထိုင်းဘက်က သူ့နယ်စပ်ကို ကာကွယ်ဘို့ နယ်စပ်လုံခြုံ ရေးကိုလည်းတိုးမြှင့်ထားပါတယ်။

ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်သွားပြီး မြန်မာဘက်ကိုပို့မဲ့ ထိုင်းကုန်ပစ္စည်းတွေ နယ်ခြားမျဉ်းအနီး ထိုင်းဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာ သောင်တင်နေသလို မြန်မာဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာလည်း ထိုင်းကုန်တွေ သောင်တင်နေတယ်လို့ နှစ်ဖက်ကုန်သည်ကြီးများကပြောဆိုပါတယ်။

တိုက်ပွဲတွေက ဒီကနေ့အထိ ဆက်လက်ပြင်းထန်နေပြီး ကော့ကရိတ်မြို့ ချောင်းတောင်အရပ်က အထက်တန်းကျောင်း လက်နက်ကြီးထိမှန်ခဲ့တဲ့အတွက် ကျောင်းပိတ်လိုက်ရပါတယ်။

လက်နက်ကြီးက မနက် ၇ လောက်မှာကျရောက်တာဖြစ်တဲ့အတွက် ဘယ်သူမှ ထိခိုက်တာမရှိပေမဲ့ ကျောင်းကတော့ အတော်လေး ပျက်စီးသွားပါတယ်။

အရင်ကလည်း မြ၀တီမှာ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် သောင်းနဲ့ချိတဲ့ မြန်မာတွေ မဲဆောက်ဘက်ကို ရှောင်တိမ်းလာရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ မြ၀တီ -ကော့ကရိတ်လမ်းဟောင်းအနီးက အောက်ဘိုတဲနဲ့ကောင်းမှုရွာ ဘုန်းကြီးကျောင်းမုဒ်ဝ အကြားမှာ ဒီနေ့မနက် ၇ နာရီး ၄၅ မီနစ်ကနေ စတင်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတာ မနက် ၁၁ နာရီ ထိုးခါနီး အချိန်ထိ မပြီးသေးဘူးလို့ ဒီကေဘီအေဘက်က ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template