Headlines News :
Home » » အိန္ဒိယစာ​မေးပွဲခိုးချမှု စုံစမ်းစစ်​​ဆေးသူ သတင်း​ထောက်​ထူးဆန်းစွာ ​သေဆုံး

အိန္ဒိယစာ​မေးပွဲခိုးချမှု စုံစမ်းစစ်​​ဆေးသူ သတင်း​ထောက်​ထူးဆန်းစွာ ​သေဆုံး

Written By Live100 on Tuesday, July 7, 2015 | 8:37 PM

အိန္ဒိယနိုင်​ငံအလယ်​ပိုင်း Madhya Pradesh ၌ စာ​မေးပွဲတွင်​ အကြီးစားစာခိုးချမှု ဖြစ်​ပွားပြီး​နောက်​ ထိုအမှုတွင်​ ပါဝင်​ပက်​သက်​​နေသူ အ​ယောက်​၄၀ခန့်​ ထူးဆန်းစွာ ​သေဆုံးခဲ့သည်​။ အိန္ဒိယနိုင်​ငံမီဒီယာများ၏ တင်​ပြချက်​များအရ ထိုအမှုကိုတိတိတဆိတ်​စုံစမ်း​နေ​သောသတင်း​ထောက်​တစ်​ဦးလည်း ​ဒေသစံ​တော်​ချိန်​ ဇူလိုင်​လ ၄ရက်​​နေ့က လျှို့ဝှက်​ထူးဆန်းစွာ​ သေဆုံးခဲ့သည်​ ဟုသိရှိရသည်​။

အသက်​ ၃၈နှစ်​ရှိပြီဖြစ်​​သောAkshay Singh သည်​ India Today TV Group မှဖြစ်​ပြီး "Today Channel" မှ စုံစမ်းစစ်​​ဆေး​ရေးသတင်း​ထောက်​ တစ်​ဦးဖြစ်​သည်​။ သူသည်​ လွန်​ခဲ့​သောရက်​ပိုင်းများအတွင်းတွင်​ အိန္ဒိယအလယ်​ပိုင်းရှိ Madhya Pradesh တွင်​ ​သေဆုံးသူများ၏ မိသားစုဝင်​များကို​ တွေ့ဆုံ​မေးမြန်းခဲ့သည်​။ ထို​နောက်​ ​ဒေသစံ​တော်​ချိန်​ ဇူလိုင်​လ ၄ရက်​ ​နေ့လည်​ ၂နာရီခန့်​တွင်​ သူသည်​ အမှုနှင့်​ပက်​သက်​​သော​သေဆုံးသူတစ်ဦး၏​မိသားစုဝင်​အား​တွေ့ဆုံ​မေးမြန်းပြီး​နောက်​ ရုတ်တရက် ပါးစပ်​မှ အဖြူမြှုပ်​များထွက်​လာသဖြင့်​ ​ဆေးရုံသို့ပို့​ဆောင်​ခဲ့ရာ ကယ်​တင်​၍မရနိုင်​​တော့​ပေ။ ​အ​​လောင်းဆေးစစ်​ချက်မှာမူ မသိရ​သေး​ပေ။

ယခုကိစ္စမှာ အိန္ဒိယအလယ်​ပိုင်းရှိ အကြီးစားစာခိုးချခြင်းအမှုမှာ တက္ကသိုလ်​ဝင်​ခွင့် စာ​မေးပွဲများသာမက အစိုးရဝန်​ထမ်းဝင်​ခွင့်​များအထိပါ သက်​​ရောက်​မှုရှိ​နေသည်​ဖြစ်​သည်​။ ဥပ​ဒေကိုမထိမဲ့မြင်​ပြုသူများက စာ​မေးပွဲကိုယ်​စားဝင်​​ဖြေ​ပေးခြင်း၊ စာ​မေးပွဲခန်းထဲရှိ​နေရာများ စီစဉ်​​ပေးခြင်းနှင့် ဖြေပြီးသားအဖြေလွှာကို လဲပေးခြင်းများကိုပါ ​လုပ်နိုင်​ကြ​လေသည်​။

ယခုကဲ့သို့ မ​ကောင်း​သောသတင်းများ​ပေါ်ထွက်​သွားပြီး​နောက်​ စာ​မေးပွဲအတွက်​ပါဝင်​ပက်​သက်​​နေ​သောသူ ၄၁ဦး မှာ​ အသက်​ဆုံးရှုံးခဲ့ရပြီး ၎င်းတို့အထဲမှ တော်​တော်​များများမှာ ​သေဆုံးရ​သောအ​ကြောင်းရင်း​ သေချာမသိရှိရ​ပေ။ အိန္ဒိယအစိုးရက ယင်း အမှုကို စုံစမ်းရန်​ စုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ ဖွဲ့စည်းခဲ့​ပြီး အဖွဲ့ဥက္ကဋ္ဌက ယခုလက်​ရှိအထိ အနည်းဆုံးလူ​ပေါင်း၃၀ခန့်​ သေဆုံးပြီဖြစ်​​ကြောင်း အတည်ပြုခဲ့သည်​။ အထူးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့က ​မတ်လကထုတ်​ပြန်​ချက်အရ အမှုတွင်​ပါဝင်​ပက်​သက်​​နေသူ၁၈၀၀ခန့် ကို ဖမ်းဆီးထားပြီဖြစ်​​သော်​လည်း ယခုဖမ်းဆီးထားသူများမှာ ရာဇဝတ်​မှုကျူးလွန်​သူများ၏ ၂၀%သာရှိ​သေးသည်​ဟု သိရှိရသည်​။

china.com Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template