Headlines News :
Home » » မဲဆောက်မြို့အနီး ပဋိပက္ခကြောင့်ထိုင်းစစ်တပ်အသင့်အနေအထား တပ်လှန့်

မဲဆောက်မြို့အနီး ပဋိပက္ခကြောင့်ထိုင်းစစ်တပ်အသင့်အနေအထား တပ်လှန့်

Written By လွင့်မောင်မောင် on Monday, July 6, 2015 | 9:00 PM



ရန်ကုန် ဇူလိုင် ၅

မြန်မာ့တပ်မတော်နှင့် DKBA တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် ထိုင်း-မြန်မာနယ်စပ် ဒေသဖြစ်သော တပ်ခ်ပြည်နယ် တွင် ထိုင်းစစ်တပ်က ၄င်း၏ စစ်သားများကို အသင့်အနေ အထား တပ်လှန့်ချထားကြောင်း Bangkok Post သတင်းဌာနက ယနေ့ဖော်ပြသည်။

ယခုလ ၂ ရက်မှစတင်ပြီး ယမန်နေ့အထိဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် မြန်မာ့တပ် မတော်ဘက်မှ အနည်းဆုံး နှစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ ဖွယ်ရှိကြောင်းသတင်းအရင်းအမြစ် တစ်ခုကပြောသည်ဟုဘန်ကောက် ပို့စ်ကဖော်ပြသည်။ DKBA ဘက် မှ သုံးဦးဒဏ်ရာရရှိခဲ့ကာ တစ်ချိန် တည်းတွင်ယင်းဆူပူအုံကြွမှုကြောင့် ပန်ကန်ကျေးရွာနှင့် မြန်မာနိုင်ငံ ကော့ကရိတ်ခရိုင်တို့ချိတ်ဆက်ထား သည့်မကြာသေးမီကတည်ဆောက် ပြီးစီးခဲ့သောအာရှလမ်းမကြီးအား တစ်စိတ်တစ်ပိုင်းပိတ်ဆို့ထားခဲ့ရ ကြောင်းဘန်ကောက်ပို့စ်ဖော်ပြသည်။

အထက်ပါဒေသနှစ်ခုအကြား ကူးသန်းသွားလာနေသော ယာဉ် များကိုမူလလမ်းကြောင်းဟောင်းသို့ ရွှေ့ပြောင်းမောင်းနှင်စေခဲ့ကြောင်း နှင့် ပဋိပက္ခဖြစ်ပွားရာ နေရာသည် ထိုင်း-မြန်မာ နယ်စပ် တစ်ဖက် ကမ်း မဲဆောက်မြို့မှ ၂၈ ကီလို မီတာခန့်အကွာတွင် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ထိတွေ့တိုက်ပွဲများ မဖြစ်ပွားမီ မြန်မာ့တပ်မတော်ဘက် မှလက်နက်ကြီးများပါဝင်သည့် အင်အား ၃ဝဝ ခန့်တပ်ဖြန့်ချထား ခဲ့ကြောင်း၊ DKBA မှ ဗိုလ်မှူးချုပ် စောကျော်သက်ကတပ်မတော်ဘက် မှထိုးစစ်ဆင်လာနိုင်သည့်အတွက် လိုအပ်သည်များပြင်ဆင်ထားရန် ၄င်း၏ နယ်စပ်လက်နက်ကိုင်အဖွဲ့ များအား ယခုလ ၃ ရက်က ညွှန်ကြားခဲ့ကြောင်းသိရသည်။

ပဋိပက္ခဖြစ်ပွားရသောအကြာင်း အရင်းကို ရှင်းရှင်းလင်းလင်းမသိ ရကြောင်း၊ သို့သော် တပ်မတော် က DKBA အား ထိုင်းနိုင်ငံနှင့် မြဝတီ၊ မော်လမြိုင်တို့ချိတ်ဆက် ထားသည့်နယ်စပ်ဖြတ်ကျော်လမ်းမ သစ်အနီးမှ ဖယ်ရှားလိုဟန်တူ ကြောင်း မဲဆောက်မြို့ရဲဌာနက ပြောကြားကြောင်းဖော်ပြသည်။

နှစ်နိုင်ငံအကြား ချိတ်ဆက် သွယ်တန်းထားသည့် အဆိုပါ လမ်းမသစ်ကို ယခုလကုန်ပိုင်း တွင်တရားဝင်အခမ်းအနားတစ်ရပ် ကျင်းပဖွင့်လှစ်သွားရန် ပြင်ဆင် ထားကြောင်း သိရသည်။

ကောင်းထွဋ်အောင်
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template