Headlines News :
Home » » ရခိုင်မှာကယ်တင်ထားတဲ့ လှေစီး ဒုက္ခသည်တွေထဲက နောက်ထပ် ၅ ဦးထွက်ပြေး

ရခိုင်မှာကယ်တင်ထားတဲ့ လှေစီး ဒုက္ခသည်တွေထဲက နောက်ထပ် ၅ ဦးထွက်ပြေး

Written By Live100 on Sunday, July 5, 2015 | 8:52 AM


လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ တွေ့ရစဉ် Photo: Khin Maung Soe/RFA
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့မှာ ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေထဲက နောက်ထပ် ၅ ဦးဟာ မနေ့က မနက်အစောပိုင်းက ယာယီကယ်ဆယ်ရေးစခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။

မနေ့က မနက် ၄ နာရီအချိန် လူဦးရေစစ်ဆေးစဉ်မှာ လူ ၅ ဦးလျော့နေတဲ့အတွက် ထွက်ပြေးသွားခဲ့တယ် ဆိုတာကိုသိရတာဖြစ်ပြီး တဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်နက်ထဲ ထွက်ပြေးသွားတယ်လို့ ယူဆရကြောင်း နယ်စပ်လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ဝ ကျော်ကို  ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ကယ်ဆယ်ထားတာပါ။

အဲ့ဒီအထဲက ပြီးခဲ့တဲ့လက လူ ၁ဝ ဦး ထွက်ပြေးသွားခဲ့ပြီး အခု ၅ ဦးနဲ့ဆိုရင် ထွက်ပြေးသွားသူပေါင်း ၁၅ ဦး ရှိပြီဖြစ်ပါတယ်။

အဲ့ဒီလူ ၅၅ဝ ကျော်ကို တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် တောင်ပြိုလက်ဝဲမြို့မှာ ကယ်တင်ထားတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ ပြန်လည်လက်ခံဖို့ အကြောင်းပြန်တာ မရှိသေးပါဘူး။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template