Headlines News :
Home » » ဓားပြ ခေါင်းဆောင် နိုင်ချမ်းဒိန်း မွန်ပြည်သစ် လက်ချက်ဖြင့် သေဆုံး

ဓားပြ ခေါင်းဆောင် နိုင်ချမ်းဒိန်း မွန်ပြည်သစ် လက်ချက်ဖြင့် သေဆုံး

Written By Live100 on Saturday, July 11, 2015 | 9:37 PM

|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသ တစ်ဝိုက်တွင် ပြန်ပေးဆွဲမှု၊ လူသတ်၊ ဆက်ကြေးကောက်ခံမှုများဖြင့် နာမည်ကြီးသည့် ဓားပြခေါင်းဆောင် နိုင်ချမ်းဒိန်းသည် ဇူလိုင်လ ၇ ရက်နေ့က မွန်ပြည်သစ်ပါတီ၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း ထားဝယ် ခရိုင်အခြေစိုက် မွန်ပြည်သစ်ပါတီ အမှတ် ၂ တပ်ရင်းက အတည်ပြု ပြောသည်။
အထက်ပါ တပ်ရင်းသည် သတင်းအရ ရေးမြို့နယ် ၉ မိုင်ကျေးရွာအနီးရှိ ခလရ ၂၉၉ တပ်ရင်း၏ အရှေ့တောင်ဘက် ၆ မိုင်ခန့် အကွာတွင်ရှိသော ဒေသအခေါ် ကျွဲတောင်နယ်မြေအား သွားရောက် ရှင်းလင်းရာ ဇူလိုင်လ ၇ ရက်နေ့ နံနက် အာရုဏ် တက်ချိန် တွင် နိုင်ချမ်းဒိန်းအား အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
“သူတို့နားတဲ့ သဲမှာ အိပ်နေတုန်း ဝိုင်းပြီး ဖမ်းတယ်၊ သူ့ကို ဌာနချုပ်ကို ခေါ်သွားဖို့ လမ်းမှာ ညနေ ၄ နာရီခွဲလောက်ပေါ့ နားတဲ့ ချိန်မှာ သူက ထွက်ပြေးတော့ ကျွန်တော်တို့ ပစ်လိုက်တာ”ဟု အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
နိုင်ချမ်းဒိန်းအား ဝိုင်းဝန်းဖမ်းဆီးခဲ့စဉ်က ၎င်းနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ် ၁၀ လက်နှင့် အဖွဲ့တံဆိပ် အပါအဝင် အခြားသော ဆက်စပ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ နိုင်ချမ်းဒိန်း စခန်းချထားသည့်နေရာ ဝင်ရောက်ရှင်းလင်းချိန်တွင် ၎င်း၏ တပည့်များက ကျေးရွာသို့ ခေတ္တပြန်သွားနေကြချိန်ဖြစ်ပြီး စခန်း၌ နိုင်ချမ်းဒိန်းတဦးတည်းသာ အိပ်ပျော်နေစဉ် လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
နိုင်ချမ်းဒိန်းနှင့်အဖွဲ့သည် ကျွဲတောင်နယ်မြေတစ်ဝိုက်တွင် စခန်းအခိုင်အမာဖြင့် ကာလကြာရှည် လှုပ်ရှားနေသည့် အဖွဲ့ဖြစ် ကြောင်း သိရသည်။
“ချမ်းဒိန်းက ရေးဘက်မှာဆိုရင် တော်တော်နာမည်ကြီးတယ်၊ ဓားမြတိုက်၊ ဆက်ကြေးကောက် ပြီးတော့ လူတွေသတ် အဲလိုနဲ့ နာမည်ကြီးတယ်၊ လုပ်စားနေတာလဲ ကြာပြီ၊ ဒေသခံတွေ ကြောက်ကြတယ်၊ သူတို့လူ သိပ်မရှိဘူး ၃ ၄ ယောက်ပဲ၊ မွန်ပြည် သစ်ကတော့ လိုက်နေတာကြာပြီ” ဟု ရေးဒေသခံ ဦးပလိုင်းက ပြောသည်။
နိုင်ချမ်းဒိန်း ဦးဆောင်သည့်အဖွဲ့သည် အဖွဲ့ဝင် ၅ ဦးဝန်းကျင်ခန့်ဖြင့် မာန်အောင်ဒေသတစ်ဝိုက်တွင် ဓားမြတိုက်၊ လူသတ်၊ ဆက်ကြေး ကောက်ကာ ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင်ကတည်းက လှုပ်ရှားလာခဲ့သည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template