ဇူလိုင်လ ၇ ရက် ပြင်သစ်စစ်တပ်မှ သတင်းထုတ်ပြန်သည်မှာ နိုင်ငံ၏
အရှေ့တောင်ဘက်ရှိ တပ်စခန်းတစ်နေရာတွင် ပမာဏများပြားသော
ဖောက်ခွဲရေး ပစ္စည်းများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ယင်းတို့ထဲတွင် စနက်တံ ၂၀၀၊ လက်ပစ်ဗုံးနှင့် အခြားသော
ဖောက်ခွဲရေး ပစ္စည်းများ ပါဝင်ကြောင်း သိရှိရသည်။ ခိုးယူသူများသည်
တပ်စခန်း အပြင်ဘက်ရှိ သံဇကာများကို ဖျက်စီးဝင်ရောက်ကာ
ဖောက်ခွဲရေး ပစ္စည်းများ ထားရှိရနေရာသို့ ခိုးဝင်ယူဆောင်ကြခြင်း
ဖြစ်သည်။
သို့သော် လုံခြုံရေးကင်မရာများ မရှိသဖြင့် ယင်းကိစ္စကို
စုံစမ်းစစ်ဆေးရန်အတွက် အခက်တွေ့နေကြသည်။ စုံစမ်းစစ်ဆေးသူများက
ခိုးယူသူများသည် လူဆိုးဂိုဏ်းသားများဖြစ်နိုင်ပြီး
အကြမ်းဖက်သမားများနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
ပြင်သစ်နိုင်ငံတွင် ယခုနှစ်အတွင်း
အကြမ်းဖက်မှုဖြစ်စဉ်နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး
အကြမ်းဖက်အကြပ်ကိုင်ခြောက်လှန့်မှုများလည်းဖြစ်ပွားလျက်ရှိသည်။
ယခုလိုအခြေအနေမျိုးတွင် စစ်တပ်စခန်းအားခိုးဝင်ယူဆောင်မှုအတွက်
ပြင်သစ်ပြည်သူများမှာ စိုးရိမ်မကင်းဖြစ်နေကြသည်။
အခုလက်ရှိအခြေအနေတွင်ပြင်သစ်နိုင်ငံသည် အကြမ်းဖက်တိုက်ဖျက်ရေး
အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
china.com Myanmar