Headlines News :
Home » , » တရုတ်ဝယ်လက်ကြောင့် ကြိမ်သီး ဈေးကောင်း

တရုတ်ဝယ်လက်ကြောင့် ကြိမ်သီး ဈေးကောင်း

Written By Live100 on Sunday, July 5, 2015 | 12:20 PM





|Dawei Watch| မြိတ်၊ ဇူလိုင် ၃
တရုတ်ဝယ်လက်ကြောင့် ယခုလအတွင်း မြိတ်ဒေသထွက် ကြိမ်သီးများ ဈေးကောင်း ရလာကြောင်း ကြိမ်သီးအ၀ယ်ဒိုင် တချို့ထံမှ သိရသည်။
ယခင်က ဈေးကွက်မရှိသည့် ယင်းကြိမ်သီးများကို ပြီးခဲ့သည့် မေလမှ စပြီး တရုတ်နိုင်ငံမှ စတင်ဝယ်ယူလာပြီး မြိတ်ခရိုင် ဒေသ အသီးသီးရှိ အ၀ယ်တော်များမှ တဆင့် စတင် ၀ယ်ယူကြသည်ဟု သိရသည်။
အစပိုင်းတွင် တစ်ပိဿာ ကျပ် လေးထောင်မှ ကျပ် ငါးထောင် ပေါက်ဈေးရှိပြီး လက်ရှိတွင် ကြိမ်သီး(ဒေသအခေါ် ကုလား ကြိမ်သီး) များကို အလုံးအကြီးအသေး သောင်းပြောင်း တစ်ပိဿာ ကျပ် ခုနှစ်ထောင်မှ ရှစ်ထောင်အထိ ပေါက်ဈေးရှိနေကြောင်း မြိတ်ကမ်းနားလမ်းရှိ အ၀ယ်ဒိုင် တချို့ထံမှ သိရသည်။
“အရင်က အဲဒီအသီးကို ကလေးတွေ ဆော့တာပါ၊ အခုမှ တရုတ်ဝယ်လက်ကြောင့် ဈေးကောင်းရလာတာ”ဟု နောက်လယ် ရပ်ကွက် အမှတ်(၁) ဆိပ်ခံတံတားရှိ ကြိမ်သီး ၀ယ်ရောင်းသူ ဦးရွှေမြင့်က ရှင်းပြသည်။
လက်ရှိတွင် ကြိမ်သီးများကို ကွမ်းသီးခြောက်ဒိုင်များနှင့် သီးခြား အ၀ယ်ဒိုင်များမှ ၀ယ်ယူလျက်ရှိကြောင်း နောက်လယ်ရပ်ကွက်၊ နောက်လယ်(၂) လမ်းမှ အ၀ယ်ဒိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။
ယင်းကြိမ်သီးများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို မသိရသေးသော်လည်း  အ၀ယ်ဒိုင်တချို့ကမူ တရုတ်တိုင်းရင်းဆေး ဖော်စပ်ခြင်းနှင့် ပရိဘောဂနှင့် ဖန်စီ ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုခြင်းဖြစ်နိုင်သည်ဟု ထင်ကြေးပေးသည်။
ယင်း အသီးအစေ့များသည် တောနယ်များတွင် အလေ့ကျပေါက်သည့် နွယ်ပင်တစ်မျိုးမှ သီးသည့် အသီးဖြစ်ပြီး ဖန်ခါးသည့် အရသာရှိကာ ပရိဘောဂလုပ်ငန်းများတွင် သုံးသည့် ကြိမ်ပင်မဟုတ်ဟု သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template