Headlines News :
Home » » သားအဖသုံးဦး အဆိပ်သောက်သေဆုံးမှု ရမည်းသင်းမြို့၌ ဖြစ်ပွား

သားအဖသုံးဦး အဆိပ်သောက်သေဆုံးမှု ရမည်းသင်းမြို့၌ ဖြစ်ပွား

Written By Live100 on Sunday, July 5, 2015 | 8:22 AM



ရမည်းသင်း ဇူလိုင် ၎

ရမည်းသင်းမြို့နယ် အရှေ့ဘက် ၁၅မိုင်ခန့်အကွာ အင်တိုင်းအုပ်စု သပြေပင်ကျေးရွာ တိုက်ပိလုပ်ကွက် ဟောင်းတွင် အမျိုးသားတစ်ဦးနှင့် ကလေးနှစ်ဦး အဆိပ်သောက် သေ ဆုံးမှု ဇူလိုင် ၂ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အင်တိုင်းကျေးရွာ အုပ်စု သပြေပင်ကျေးရွာ တိုက်ပိ လုပ်ကွက်ဟောင်းတွင် အမျိုးသား တစ်ဦး၊ ကလေးနှစ်ဦး အဆိပ်သောက် သေဆုံးကြောင်း သတင်းအရ ရမည်း သင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်သန်း ဇော်ထွေးနှင့် တပ်ဖွဲ့ဝင်များ သွား ရောက်စစ်ဆေးရာ သပြေပင်ကျေးရွာ တိုက်ပိလုပ်ကွက်ဟောင်းတွင် မြေ စိုက်တဲအတွင်း ဇော်မင်းဌေး ( ၄၂ နှစ်)၊ အေးဇော်နိုင် (၁၁နှစ်) ၊ မစန္ဒာ ဝင်းထွန်း (ခုနစ်နှစ်)တို့သည် ဖခင် ဖြစ်သူ ဇော်မင်းဌေးမှာ သေရည် သေရက်များ သောက်စားမူးယစ်ပြီး အဖေနောက်လိုက်ကြရမည်ဟု ပြော ဆိုကာ ရွှေချက်ရာတွင် အသုံးပြုသော ဆာရာနိုက်ဆေးအား အရည်ဖျော်၍ သောက်ခဲ့ကြရာမှ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိဘဲ တဲပေါ်၌ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် ရဲဆေးစာဖြင့် ရမည်းသင်း ဆေးရုံသို့ ပို့အပ်ခဲ့သည်။

အဆိုပါ သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရမည်းသင်း မြို့မရဲ စခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

Myanmaalinn
=======================================
Lwintmgmg Daily News ၏ မှတ်ချက်။
=======================
“ဖခင် ဖြစ်သူ ဇော်မင်းဌေးမှာ သေရည် သေရက်များ သောက်စားမူးယစ်ပြီး အဖေနောက်လိုက်ကြရမည်ဟု ပြော ဆိုကာ” ဆိုတဲ့စကားဘယ်လိုသိပါသလဲ ။
ဘယ်သူသိသလဲ။အဲဒါက သံသယဖြစ်စေတဲ့အချက်။ရိုးရိုးမှဟုတ်ရဲ့လား။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template