Headlines News :
Home » » ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် ထားဝယ် ကျောင်းသားငါးဦးကို ဒဏ်ငွေ ၃ သောင်းကျပ် စီချမှတ်

ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် ထားဝယ် ကျောင်းသားငါးဦးကို ဒဏ်ငွေ ၃ သောင်းကျပ် စီချမှတ်

Written By Live100 on Thursday, July 9, 2015 | 7:49 AM


ထားဝယ်မြို့နယ်တရားရုံးမှ ထွက်လာသည့် ကျောင်းသားများကိုတွေ့ရစဉ်
ဓာတ်ပုံ - အောင်သူ / Dawei Watch 

|Dawei Watch| ထားဝယ်၊ ဇူလိုင် ၈
ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသည့် ထားဝယ်ခရိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ငါးဦးကို ထားဝယ်မြို့နယ်တရားရုံးက ငွေဒဏ် ၃၀၀၀၀ ကျပ်စီကျခံရန် ဇူလိုင်လ ၈ ရက်နေ့က အမိန့်ချခဲ့ကြောင်း ကျောင်းသားများထံမှ သိရသည်။
ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည်ခဲ့သည့် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ တစ်ဦးတို့ကို ပုဒ်မ ၁၈ ဖြင့် ထားဝယ်မြို့နယ် တရားသူကြီးက ရှစ် ကြိမ်မြောက်ရုံးချိန်းတွင် ငွေဒဏ် ကျပ်သုံးသောင်းစီ သို့မဟုတ် ထောင်ဒဏ်တစ်လ ကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေးအခြေအနေအရ ကျောင်းသားတွေ တော်တော်များများ အချုပ်ထဲ ရောက်နေတယ်။ အခုချိန်မှာ ထောင်ကျခံလို့ လုံးဝ မဖြစ်သေးဘူး။ မလိုအပ်ဘဲ အင်အားဆုံးမှာ စိုးလို့ ငွေဒဏ်ကိုပဲ ရွေးလိုက်တယ်” ဟု ငွေဒဏ်သုံးသောင်းကျပ် ကျခံခဲ့ရသူ ဦးဆောင်ကျောင်းသား ကိုမင်းလွင်ဦးက ပြောသည်။
ထောင်ကျနိုင်သည်ဟု ယူဆထားသော်လည်း ယင်းသို့ ထောင်ဒဏ်မကျဘဲ ငွေဒဏ်ဖြင့်ပြီးပြတ်သွားခြင်းက ကျောင်းသားများအတွက် လှုပ်ရှားရန် အခွင့်အရေးထပ်ရသည်ဟု ထင်မြင်မိကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။
“ထောင်ကျမယ်ထင်ထားတာ။ အခုထောင်မကျတော့ အဆင်ပြေသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ပုဒ်မ ၁၈ သည် ပြည်သူလူထု၏ ဆန္ဒကို နှိပ်ကွပ်နိုင်ရန် တရားစွဲမည့် ဥပဒေတစ်ခုဖြစ်နေသည့်အတွက် ပုဒ်မ ၁၈ ကို လက်လည်းမခံ၊ အသိမှတ်လည်းမပြုနိုင်သည့်အတွက် နောင်တွင် လှုပ်ရှားမှုများ ပြုလုပ်ဖြစ်မည်ဆိုပါက ခွင့်ပြုချက် တောင်းမည်မဟုတ်ကြောင်း ကိုမင်းလွင်ဦးက ထပ်ဆင့်ပြောသည်။
ပုဒ်မ ၁၈ ဖြင့် ငွေဒဏ်ဆောင်ခဲ့ရသူ ငါးဦးမှာ ကိုမင်းလွင်ဦး၊ ကိုသူရနိုင်၊ ကိုဇင်မောင်ဖြိုး၊ ကိုအောင်သော်လွင်နှင့် မယုဝါလွင်တို့ ဖြစ်ကြသည်။
အထက်ပါ ကျောင်းသားငါးဦးကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ဖမ်းဆီးခံ ကျောင်းသား ပြည်သူများ ပြန်လည်လွတ်မြောက်ရေး၊ ဒီမိုကရေစီပညာရေးနှင့် အကြမ်းဖက်မှုအလိုမရှိ စသည့် အချက်သုံးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ကို ခွင့်ပြုချက်မရှိ ဆန္ဒထုတ်ဖော်သည်ဟုဆိုကာ ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်က ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template