Headlines News :
Home » » ထားဝယ်နှင့်မြိတ်တွင် တိုင်းမဲစာရင်း၏ ငါးရာခိုင်နှုန်းသာ မဲစာရင်း လာပြင်

ထားဝယ်နှင့်မြိတ်တွင် တိုင်းမဲစာရင်း၏ ငါးရာခိုင်နှုန်းသာ မဲစာရင်း လာပြင်

Written By Live100 on Sunday, July 5, 2015 | 8:08 AM


ကော့သောင်း အင်န်အယ်လ်ဒီမှ အိမ်တိုင်ရာရောက် မဲစာရင်း တိုက်နေစဉ်
ဓာတ်ပုံ- နိုင်သစ် / Dawei Watch

|Dawei Watch| ထားဝယ်၊ ဇူလိုင် ၎
ထားဝယ်နှင့် မြိတ်ခရိုင်တွင် တစ်တိုင်းလုံး အခြေခံမဲဆန္ဒရှင်စာရင်း၏ ငါးရာခိုင်နှုန်းသာ မဲစာရင်းလာပြင်ကြသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိက ပြောသည်။
အထက်ပါ ခရိုင် ၂ ခုတွင် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၁၄ရက်ကြာ မဲစာရင်းကပ်ခဲ့သော်လည်း လာရောက် ပြင်ဆင် သူဦးရေ အလွန်နည်းပါးသည်ဟု အထက်ပါ ရွေးကောက်ပွဲ အရာရှိ ဦးထိန်လင်းဦးက ပြောသည်။
လက်ရှိစာရင်းအရ တိုင်းအတွင်း မဲဆန္ဒရှင်ဦးရေ ၈၈၀၀၀၀ ကျော်ရှိပြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ပြင်ဆင်သူဦးရေ စုစုပေါင်း ၄၀၀၀၀ ကျော် သာရှိသည်ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
“မဲစာရင်းတွေမှာ နာမည်စာလုံးပေါင်း သတ်ပုံတွေ မှားနေတာ၊ မှတ်ပုံတင်နံပါတ်မှာ မအရနဲ့ မမန မှားတာ၊ အက္ခရာမှာ တစ် နဲ့ သုညမှားနေတာတွေကို အများဆုံး တွေ့ရတယ်”ဟု မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲစာရင်းစိစစ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။
မဲစာရင်းကြေညာသည့် ၁၄ ရက်အတွင်း ပုံစံ ၃ ဖြင့် လျှောက်ထားသူ ထားဝယ်ခရိုင်တွင် ၇၀၀၀ ကျော်၊ မြိတ်ခရိုင်တွင် ၁၃၀၀၀ ကျော်၊ ပုံစံ (၄ - ဂ) ဖြင့် လျှောက်ထားသူ ထားဝယ်တွင် ၈၀၀၀ ကျော်၊ မြိတ်တွင် ၁၃၀၀၀ ကျော်၊ ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ထားဝယ်တွင် ၂၄၀၀ ကျော်၊ မြိတ်တွင် ၁၄၀၀ကျော် စုစုပေါင်း ၄၄၀၀၀ ကျော် ရှိသည်ဟု သက်ဆိုင်ရာ ကော်မရှင်များမှ သိရသည်။
နိုင်ငံရေးပါတီများက  ၅၀ ရာခိုင်နှုန်းအထက် မှားနေသည်ဟု ထုတ်ဖော်ပြောသည်နှင့် နှိုင်းယှဉ်ပါက မဲစာရင်း လာပြင်သူ အတော့်ပင် နည်းနေသည်ဟု ဦးထိန်လင်းဦးက ဖွင့်ဟသည်။
မဲစာရင်း အမှားအယွင်းများသည့်အတွက် မဲစာရင်း ပြင်ဆင်ရန် သတ်မှတ်ရက် ပြည့်ချိန်တွင် ရက်အကန့် အသတ်မရှိ ထပ်မံ တိုးမြှင့်ထားကြောင်း အထက်ပါ ကော်မရှင်မှ သိရသည်။
လက်ရှိ မဲဆန္ဒရှင် စာရင်းကပ်ထားဆဲဖြစ်သည့် ကော့သောင်း ခရိုင်တွင် မဲစာရင်းများကို ရက်အကန့်အသတ်မရှိ ဆက်လက် ကပ်ထားပေးမည်ဟု သိရသည်။
မဲစာရင်းကပ်ပြီးဖြစ်သည့် ထားဝယ်နှင့် မြိတ်ခရိုင်တွင်မူ မဲစာရင်းကို ပြန်ကပ်ရမည်ဟု ညွှန်ကြားထားခြင်း မရှိသော်လည်း ရပ် /ကျေး ကော်မရှင်များအနေဖြင့် မဲစာရင်းကို ပြန်ကပ်ရန် လွယ်ကူပါက ပြန်ကပ်နိုင်ပြီး မရုပ်သိမ်းရသေးသည့် ရပ်/ကျေး ကော်မရှင်များအနေဖြင့်လည်း ဆက်လက် ကပ်ထားနိုင်ကြောင်း အထက်ပါ ကော်မရှင်ထံမှ သိရသည်။
သို့သော် ရပ်ကွက်/ကျေးရွာ အသီးသီးတွင် မဲစာရင်းများကို ရုပ်သိမ်းပြီးဖြစ်သည့်အပြင် ရက်အကန့်အသတ်မရှိ  ပြင်ဆင်ခွင့် ရှိသည်ဆိုသည်ကို မသိရသေးကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့ထံမှ သိရသည်။
“လောလောဆယ် အထိတော့ ပြင်ပေးနေတုန်းပဲ။ မြို့နယ် ကော်မရှင်က မတောင်းခင်အထိ ပြင်ပေးမယ်။ ရက် အကန့်အသတ် မရှိ ပြင်လို့ ရပြီဆိုတာတော့ မကြားရသေးဘူး”ဟုထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
အခြေခံမဲဆန္ဒရှင်စာရင်းကို တနင်္သာရီတိုင်းအတွင်း မြိတ်နှင့်ထားဝယ်ခရိုင်တို့တွင် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကပ်ထားခဲ့ပြီး ကော့သောင်းခရိုင်တွင်မူ ၂၂ ရက်နေ့မှ စတင်ကပ်ထားခဲ့သည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template