Headlines News :
Home » , » ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆို၏ ကြေညာချက် ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆို၏ ကြေညာချက် ထုတ်ပြန်

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 11:29 AM

 ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso (ယာ)
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲစ်မြို့ရှိ ဥရောပကော်မရှင် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆိုက မိမိအနေဖြင့် ယမန်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် သမိုင်းတွင်မည့် ပြောင်းလဲမှုများကို ဆက်လက်ဖြစ်ပေါ် နေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အီးယူအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားခဲ့ခြင်း အပါအ၀င် ဆက်ဆံရေးကို သိသာစွာ တိုးမြှင့်ခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များသည် ပြည့်စုံမှု မရှိသေးဘဲ လုပ်ဆောင်ရန် များစွာလိုနေ သေးသည်ကို အီးယူအနေဖြင့် ကောင်းစွာသတိထားမိသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်စေရန် အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အားပေးထောက်ပံ့မှုများနှင့် ထိုက်တန်နေပါကြောင်း၊ ယင်းသို့ ကူညီမှုများတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်အတူ အီးယူကလည်း အဓိက အခန်းကဏ္ဍမှ ဆက်လက်ပါဝင် သွားမည်ဖြစ်ကြောင်း ဘာရိုဆိုက ပြောကြားသည်။

အီးယူအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ပြန်လည်ရင်ကြားစေ့ရေးကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူထုအုံကြွမှုများအပေါ် ကိုင်တွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်၍လည်း စွမ်းရည်မြှင့်တင်မှုများကိုလည်း ကူညီလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် လူအခွင့်အရေးဆိုင်ရာ သင်ကြားပို့ချမှုများ၊ တရားဥပဒေ စိုးမိုးရေး လုပ်ထုံးလုပ်နည်းများတွင် ပိုမိုသတိထား ဆောင်ရွက်ရေးနှင့် လုပ်ဆောင်ပုံများ ပို့ချခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သီတင်းပတ်တွင် ပြင်သစ်နိုင်ငံ အရှေ့ပိုင်း စထရက်ဘော့မြို့ရှိ ဥရောပ ပါလီမန်တွင် ၁၉၉၀ ပြည့်နှစ်က ချီးမြှင့်ခြင်း ခံခဲ့ရသည့် ရှာရာကော့ဗ် လူ့အခွင့်အရေးဆုအား လက်ခံရယူမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်တွင် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template