Headlines News :
Home » » အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အိုတို့ နိုဝင်ဘာ ၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမည်

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အိုတို့ နိုဝင်ဘာ ၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမည်

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 11:33 AM


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ နိုဝင်ဘာ ၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု Myanmar Peace Center မှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၃၀၊ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက် နေ့များတွင် ကချင်လွတ်မြောက်ရေး အဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၂ ရက်တွင် ကေအိုင်အို အဖွဲ့သည် မြစ်ကြီးနားမြို့သို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ "ကျွန်တော်နားလည်တာက လိုင်ဇာမှာလုပ်မယ့် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ညီလာခံက ၃၀၊ ၃၁ နဲ့ နိုဝင်ဘာ ၁ ရက် အဲဒီသုံးရက်မှာ ဆောင်ရွယ်မယ်ဆိုတာ သိရတယ်။ ၂ ရက်နေ့ကို သူတို့မြစ်ကြီးနားကို လာမယ်။ ၃ ရက်နေ့ကို ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဖို့ရည်ရွယ်ထားတယ်" ဟု ၎င်းကပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ၏ လိုင်ဇာတွင်ပြုလုပ်မည့် အစည်းအဝေး ကျင်းပရန် အောက်တိုဘာ ၈၊ ၉ နှင့် ၁၀ ရက်နေ့များတွင် မြစ်ကြီးနားမြို့၌ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် ကေအိုင်အိုဘက်မှ တောင်းဆိုခဲ့ရာ အစိုးရဘက်မှ သဘောတူခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် အချက်ခုနစ်ချက်ပါ သဘောတူညီချက်၊ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူ ငါးချက်နှင့် နှစ်ဖက်လိုက်နာရန် စည်းကမ်းချက် ၁၈ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template