သို့ မီဒီယာများမှ တစ်ဆင့်
ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်၊
ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်
လောင်းကစားပြုလုပ်နေမှုအား ထိရောက်စွာ အရေးယူပေးနိုင်ပါရန်
စက်တင်ဘာလ ၂၁ ရက် ၀၃၀၀ ချိန် ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့၊ မဟာလတ်ဆေးရုံ၌ (၉၆)ပါး ရောဂါဖြင့် ပျံလွန်တော်မူသွားသော ကျိုင်းတုံမြို့၊စွန်တောင်းစေတီရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဉာဏဓမ္မ ၊ သက်တော် (၆၂) နှစ်၊ ဝါတော် (၄၂) ဝါ၏ ဈာပန အခမ်းအနားအား အကြောင်းပြု၍ ကျိုင်းတုံမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လောင်းကစားပြုလုပ်ရန် အတွက် လေလံတင်ခဲ့ရာ ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် ဖြစ်သူ ဦးကျဖ ဆိုသူမှ လောင်းကစားဝိုင်းများ ထည့်သွင်းရန် ကျပ်သိန်း (၅၀၀) ဖြင့် လေလံအောင်မြင် ခဲ့ ကြောင်း၊ လောင်းကစားဝိုင်းများအား အောက်တိုဘာလ ၂၇ ရက်နေ့ထိ ဆက်လက်ကျင်းပမည်ဖြစ်ရာ ရရှိသော သိန်း (၅၀၀)အား သိန်း (၁၀၀) သာ အလှူငွေအား အာဏာပိုင်များမှ ကျောင်းတိုက်အား ပေးအပ်ခဲ့ကြောင်း။ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးတွင် အဓိက အတားအဆီးတစ်ခုဟု ပညာရှင်များက ဝေဖန်ထားသည့် လောင်း ကစားလုပ်ငန်းများကို နိုင်ငံတော်သမ္မတ မှ တိုက်ဖျက်ရန် ညွှန်ကြားထား သော်လည်း ဒေသခံများနှင့် တာဝန် ရှိသူများမှ ပူးပေါင်းလုပ်ဆောင်နေသဖြင့် တာဝန်ရှိသူ အဆင့်ဆင့်အား အရေးယူပေးနိုင်ပါရန် တင်ပြ ပါသည်။
လောင်းကစားဝိုင်းများ ပြုလုပ်နေပါသဖြင့် ကျိုင်းတုံမြို့တွင် ခိုးမှုများ မကြာခဏ ဖြစ်ပွား နေပါသဖြင့် ကျိုင်းတုံမြို့နေပြည်သူများမှာ စိတ်ဆင်းရဲ ဒုက္ခရောက်နေရပါသည်။ လောင်းကစား ဝိုင်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတက မောင်မြင့် နှင့် တပ်ဖွဲ့ဝင် (၁) ဦးမှ လုံခြုံရေးပေးထားပြီး လိုင်စင် ရသဖွယ် ပြောင်ပြောင် တင်းတင်းလုပ်ဆောင်နေပါသဖြင့် တာဝန်ရှိသူ အဆင့်ဆင့်အား အရေးယူ ပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။
ကျိုင်းတုံမြို့မှ မြို့မိ/ဖတစ်ဦး