Headlines News :
Home » » မိုးစက်ဝိုင်က ဖိုးလပြည့်နှင့်မပတ်သက်ကြောင်းငြင်းဆို

မိုးစက်ဝိုင်က ဖိုးလပြည့်နှင့်မပတ်သက်ကြောင်းငြင်းဆို

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 9:36 PM

 
အငြိမ်းစားဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့် နှင့် မကြာသေးမီက 2013 Miss Universe Myanmar ရရှိထားသူ မိုးစက်ဝိုင်တို့ဓါတ်ပုံများမှာ Facebook လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့်အပေါ် သူမနှင့် နေရွှေသွေးအောင်(ခ)ဖိုးလပြည့် တို့လုံးဝပတ်သက်မှုမရှိကြောင်း မိုးစက်ဝိုင်က ငြင်းဆိုလိုက်သည်။
“ဖိုးလပြည့်နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး”ဟု ယင်းက ၇.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်မြို့ Park Royal တွင် ကျင်းပသည့် Miss Universe Myanmar ဆုပေးပွဲအခမ်းအနားတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Vote လုပ်သူများအနေဖြင့် အပြောင်းအလဲဖြစ်လာသူများရှိကြောင်း မိုးစက်ဝိုင်က ဆိုသည်။
“အရင်က vote လုပ်တဲ့သူတွေက ရှိသေးပါတယ်။တချို့အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲလာတာတွေတော့ ရှိပါတယ်။ဒါပေမယ့် အရင်ကလိုပဲယုံကြည်လက်ခံပေးကြပါ၊အခုလိုဖြေရှင်းတာကိုလည်း နားဝင်ကြမယ် ထင်ပါတယ်။”ဟုသူကပြောသည်။
၅.၁၀.၂၀၁၃ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲကို နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ၊ အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ ကတက်ရောက်ကြပြီး အဆိုပါ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် 2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးအား ဖွင့်ပွဲစဉ်အခမ်းအနားရှိ ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
မိုးစက်ဝိုင်က သူမကိုယင်းအခမ်းအနားသို့တက်ရောက်ရန် အားကစားဝန်ကြီးဌါနက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“မိုးစက်ကို အားကစားဝန်ကြီးဌါနက ဖိတ်လို့ သွားတာပါ။ဒဂုံတက္ကသိုက်ကျောင်းသူတစ်ယောက်အနေနဲ့ရော Miss အနေနဲ့ရော သွားတာဖြစ်ပါတယ်။ အင်တာနက်က ကောလဟာလတွေကြောင့် ပရိသတ်က အထင်လွဲတာဖြစ်တယ်”ဟုယင်းက ပြောသည်။

မြန်မာနိုင်ငံသည် မယ်စကြာပြိုင်ပွဲကို၁၉၆၁ခုနှစ်က နောက်ဆုံးဝင်ရောက်ယှဉ်ပြိင်ခဲ့ခြင်းဖြစ်သောကြောင့် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအရွေးချယ်ခံထားရသူ မိုးစက်ဝိုင်အနေဖြင့် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကို ကြော်ငြာခဲ့ဖူးကြောင်း၊ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်သည့်အပြင် အမေရိကန်နိုင်ငံ ၌ B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး ယင်းနိုင်ငံတွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။
မိုးစက်ဝိုင်သည် ၃.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် Miss Universe ပြိုင်ပွဲတွင် Miss Universe ဆုရရှိခဲ့သူ ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဓါတ်ပုံ - မင်းဗညား
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template