Headlines News :
Home » , » လနှင့် အင်္ဂါဂြိုဟ်ပေါ်တွင် မောင်းနှင်နိုင်မည့် အမိုးမဲ့ယာဉ်ငယ် နာဆာ တီထွင်

လနှင့် အင်္ဂါဂြိုဟ်ပေါ်တွင် မောင်းနှင်နိုင်မည့် အမိုးမဲ့ယာဉ်ငယ် နာဆာ တီထွင်

Written By Live100 on Tuesday, April 28, 2015 | 3:15 PM

 29.NASA electric rover goes for a spin
နာဆာက တည်ဆောက်တဲ့ Modular Robotic Vehicle (မော်ဂျူလာရိုဗော့တစ်ဗီဟိကဲလ်) ယာဉ်ကို မောင်းနှင်ရတာဟာ မကြုံစဖူး ထူးကဲတဲ့အတွေ့အကြုံတခုပါပဲ။ အာကာသအေဂျင်စီ ကတော့ ဒီယာဉ်ဟာ တနေ့မှာ တကယ်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
34.NASA electric rover goes for a spin
ဒီ နှစ်ယောက်ထိုင် အမိုးမဲ့ယာဉ်ငယ်ဟာ ရှေ့ပြေးပုံစံ ဖြစ်ပေမယ့် နောင်လာမယ့် ပုံစံတွေကျရင် လနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်နဲ့ မောင်းနှင်တဲ့ ဒီ MRV ယာဉ်မှာ အီးကော်နာလို့ခေါ်တဲ့ ၁၈၀ ဒီဂရီထိ လွတ်လွတ်လပ်လပ်လှည့်နိုင်တဲ့ ဘီး ၄ ဘီး ပါ ရှိပါတယ်။
လျှပ်စစ်အချက်ပြတွေအဖြစ် ပြောင်းထားတဲ့ ထိန်းချုပ်မယ့်ညွှန်ကြားချက်တွေကို မောင်းသူက အသုံးပြုပြီး ၀ိုင်ယာကတဆင့် မော်တာတွေဆီ ပို့ပေးလိုက်ပါတယ်။
35.NASA electric rover goes for a spin
အဝေးထိန်းစနစ်နဲ့ မမောင်းတဲ့အချိန်မှာ စတီယာရင်ရဲ့လည်ပတ်မှုကို ဆင်ဆာတွေက မှတ်သားပြီး ယာဉ်နောက်က ကွန်ပျူတာဆီ ပို့ပြီး ကွန်ပျူတာကမှ ဘီးရဲ့မော်တာတွေကို ညွှန်ကြားစေခိုင်းပါတယ်။ စတီယာရင်ဘီးက အလုပ်မလုပ်ရင် အရံကွန်ပျူတာစနစ်က ဆက်လက်လုပ်ဆောင်မှာပါ။
အနာဂတ်အာကာသခရီးစဉ်တွေအတွက် ဒီဇိုင်း ထုတ်ထားပေမယ့် ၁ နာရီကို ကီလိုမီတာ ၇၀ သွားနိုင်တာကြောင့် အသွားအလာ ရှုပ်ထွေးတဲ့ မြို့ပြတွေနဲ့လည်း သင့်တော်မယ်လို့ နာဆာက ဆိုပါတယ်။ ခြုံပြောရရင်တော့ ဒီယာဉ်နဲ့တော့ အာကာသယာဉ်မှူးတွေအဖို့ လကမ္ဘာပေါ် ဆင်းနိုင်မယ်ဆိုတာ ယုံရခက်ကြီးပါ။

ဒွီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template