Headlines News :
Home » » ထိုင်း မဟာချိုင် ကားတိမ်းမှောက်မှု မြန်မာ ၉ ဦးသေ

ထိုင်း မဟာချိုင် ကားတိမ်းမှောက်မှု မြန်မာ ၉ ဦးသေ

Written By လွင့်မောင်မောင် on Tuesday, April 28, 2015 | 3:11 PM


(ဓာတ်ပုံ- အမ်အေတီ)

 ထိုင်းနိုင်ငံ ဘန်ကောက်အနီး မဟာချိုင်တွင် ပလာထပ်ကျင်မှာ မြန်မာအလုပ်သမား ၂၁ ဦး ကို တင်ဆောင်လာတဲ့ ကား ဧပြီ ၂၈ ရက်က ညက တိမ်းမှောက်ခဲ့သဖြင့် ၉ ဦး သေဆုံးခဲ့ပါတယ်။

၁၂ ဦးကို ဆေးရုံပို့ဆောင်ခဲ့သလို ၉ ဦးက အရေးပေါ် ကုသခံနေရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(အမ်အေတီ) ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“ပွဲချင်းပြီး ၈ ယောက် သေတယ်၊ ဆေးရုံပေါ်မှာ ၁ ယောက်သေတယ်။ အရေးပေါ် လူနာက ၄ ယောက်၊ ည ၈ နာရီကျော် ၉ နာရီလောက်မှာ အလုပ်က ပြန်လာတဲ့ ကားက မဆင်မခြင် မောင်းပြီးတော့ ကားက အရှိန်လွန်ပြီး လမ်းထဲက အုတ်နံရံကို ၀င်ဆောင့်တော့ အလုပ်သမားခေါင်းတွေ အကုန် ကိုင်ရိုက်သတ်သလို သေကုန်တာ။ ကားသမားက ဘာမှ မဖြစ်ဘူး။ ထိုင်းမှာ ကားသမားတွေ အတွက် ခါးပတ်ကြိုးပါတယ်။ အလုပ်သမားတွေမှာက အကာအကွယ်ဘာမှ မရှိဘူး”လို့ သူက ပြောပါတယ်။

ကားမောင်းတဲ့သူတွေက မြန်မာတွေဖြစ်ပြီး တစုံတရာ ထိခိုက်မှုမရှိသလို ကားကို မဆင်မခြင် မောင်းနှင်တဲ့ အတွက် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်ကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ချောင်ပူရီးမြို့ ခွေး အစားအစာ ထုတ်လုပ်တဲ့ စက်ရုံမှာ အသက် ၃၉ နှစ် မြန်မာအလုပ်သမား တဦး အစာကြိတ်စက်ထဲ ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ထိုင်း ခေါင်ဆွတ် သတင်းက ရေးပါတယ်။

ဒါ့အပြင် တာ့ခ်ခရိုင် မဲဆောက်မြို့က ကားရေဆေးဆိုင်မှာ အသက် ၁၆ နှစ် မြန်မာအလုပ်သမားတစ်ဦး တိုက်ခေါင်မိုးပေါ်မှာ လျှပ်စစ်ကြိုးသွယ်တန်းနေရင်း ၀ိုင်ယာ ရှော့ခ်ဖြစ်လို့ ပြုတ်ကျသေဆုံးခဲ့ပါတယ်။

သွားရောက်ကူညီတဲ့ ထိုင်းလူမျိုး ဆိုင်ပိုင်ရှင် သားအဖပါ ဓာတ်လိုက်ပြီး ဒဏ်ရာရှိသွားတယ်လို့ မဲဆောက်ဒေသတွင်း သတင်းဌာနမှာ ဖော်ပြပါတယ်။

  By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template