Headlines News :
Home » » ကိုးကန့်စစ်ပွဲရပ်တန့်ရေး ပန်ဆန်း ညီလာခံမှာ ဆွေးနွေးအဖြေရှာ မည်

ကိုးကန့်စစ်ပွဲရပ်တန့်ရေး ပန်ဆန်း ညီလာခံမှာ ဆွေးနွေးအဖြေရှာ မည်

Written By လွင့်မောင်မောင် on Wednesday, April 29, 2015 | 11:27 PM


ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ရေးအတွက် အသေးစိတ်ဆွေးနွေး ကြမယ်လို့ ညီလာခံကျင်းပရေးကော်မတီက ပြောပါတယ်။

လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ် စဲနိုင်ရေးနဲ့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်း နဲ့ ဆွေးနွေးနိုင်တဲ့အထိ အဓိကဆွေးနွေးကြမယ်လို့ ညီလာခံ ကျင်းပရေးကော်မတီ UWSA ရဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။

"ကျနော်တို့အစည်းအဝေးရဲ့ရည်မှန်းချက်ကလည်း တစ်တိုင်းတစ်ပြည်လုံးရဲ့ ရေရှည်ငြိမ်း ချမ်းရေးပေါ့နော်၊ ထာဝရငြိမ်းချမ်းရေးအတွက်ကို ဦးတည် ပြီးတော့ ခေါ်ယူဆွေးနွေးကျမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ မြန်မြန်လေး ရပ်စဲနိုင်အောင် ဒီတွေ့ဆုံဆွေးနွေးရေးကနေတစ်ခါတည်း ငြိမ်းချမ်းရေးရရှိနိုင်အောင် ခြေလှမ်း လှမ်းနိုင်အောင် ဆွေးနွေးဖို့ရည်မှန်းချက်ထားရှိပါတယ်၊ ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အဖွဲ့အစည်းကတော့ မရှိပါဘူး"

မေလ ၁ ရက်နေ့ကနေ ၃ ရက်ကြာကျင်းပမယ့် ပန်ဆန်းညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားပြီး အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပွားနေတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ၊ ရခိုင်တပ်မတော် AA နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့လည်း တက်ရောက်မှာဖြစ်ပါတယ်။

လောက်ကိုင်ဒေသမှာ အစိုးရနဲ့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၂ လကျော် ကြာနေပြီဖြစ်ပါတယ်။ ဒ့ါအပြင် ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ်မှာလည်း ရခိုင်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပါတယ်။

ပန်ဆန်းညီလာခံကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မိုင်းလားနဲ့ KIO ကချင်လွတ်မြောက်ရေး တပ်မတော်တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၂ ဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template