ပုံစာ - ပဒိုစောသောသီဘွဲ ---- တွဲဘက်အတွင်းရေးမှူး (၁) ကရင်အမျိုးသားစည်းအရုံး (KNU)
မေ - ၁ - ၂၀၁၅
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၂
ဌာနချုပ်တည်ရှိရာအနီးရှိ ယော်လို တွင် မြန်မာ့တပ်မတော်လေက ဗုံးကြဲချမှုနှင့်
ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) က ကန့်ကွက်ပြောဆိုလိုက်သည်။
အဆိုပါ ဗုံးကြဲချမှုကို ယနေ့နှင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ က
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၇ ရက်နေ့ထိ ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း
သတင်းရရှိထားသည်ဟု (KNU) တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲကပြောသည်။
၎င်းက လက်ရှိနိုင်ငံရေး အခင်းအကျင်း အနေအထားများအရ ဗုံးကြဲချမှုများသည့်
မလုပ်သင့်မဖြစ်သည့်သည့် အနေအထားများ ဖြစ်သည်ဟုလည်း ပဒိုစောသောသီဘွဲက
ဖြည့်စွက်ပြောဆိုသည်။
ြ မြန်မာစစ်တပ်ဘက်ကမူ အဆိုပါ ဗုံးကြဲချမှုသည် တပ်မတော်လေမှ စစ်ရေးလေ့ကျင့်မှုသာ ဖြစ်သည်ဟု ဒေသခံရွာသားများကို ပြောဆိုသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၂ ဌာနချုပ်သည် တောင်ငူခရိုင်အတွင်း တည်ရှိသည်။
သတင်းနှင့်ရိုက်ကူး - ကရင်အမျိုးသား(မီဒီယာ)