Headlines News :
Home » » မုဒုံမြို့နယ်ရှိ သဘာဝအင်းများ အကွက်ချ မရောင်းရန် ဆန္ဒပြ

မုဒုံမြို့နယ်ရှိ သဘာဝအင်းများ အကွက်ချ မရောင်းရန် ဆန္ဒပြ

Written By Live100 on Wednesday, April 29, 2015 | 11:24 PM

 

|Dawei Watch| မော်လမြိုင်၊ ဧပြီ ၂၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ် တံခွန်တိုင်နှင့် ဝက်သဲကျေးရွာတို့ရှိ သဘာဝအင်းကြီးများကို အကွက်ချ မရောင်းရန်နှင့် မူလ ဧရိယာ အတိုင်း ထားပေးရန် ဧပြီ ၂၉ ရက်နေ့က ဒေသခံ ၅၀၀ ဦးခန့်က ဆန္ဒပြခဲ့ကြသည်။
အင်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက အကွက်ချ ရောင်းချနေသဖြင့် ရွာသူရွာသားများက သက်ဆိုင်ရာ ပြည်နယ်နှင့် ပြည်ထောင်စု တာဝန်ရှိသူအဆင့်ဆင့်ကို တိုင်ကြားသော်လည်း တစ်စုံတစ်ရာ မဖြေရှင်းပေး၍ ယင်းသို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင်များက ပြောသည်။
လက်ရှိတွင် အကွက်ရိုက်ထားပြီးဖြစ်ကာ ဈေးနှုန်းပြောထားပြီးသည့် အဆင့် ရောက်နေပြီဟု မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာမှ ဦးမြင့်နိုင်က ပြောသည်။
“အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ကို ခေါ်ပြောတယ်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုပြီးတော့ ပြောတယ်” ဟု  ဦးမြင့်နိုင်က ဆိုသည်။
ဧရိယာ ၁၀၀ ဧကခန့်ရှိ တံခွန်တိုင်းကျေးရွာအင်းကို ပေ ၄၀x ပေ ၆၀ ရှိ အကွက်ပေါင်း ၄၃ ကွက်ရိုက်မည်ဖြစ်ကာ တစ်ကွက်လျှင် သိန်း ၃၀ နှုန်းဖြင့် ရောင်းချရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် အသိပေးထားသည်ဟု ၄င်းက ပြောသည်။
ဝက်သဲကျေးရွာ အင်းကို ၂၀၀၈ ခုနှစ်က အကွက်ဖော်ခဲ့ပြီး၊ ၁၄ ဧကရှိသည့်အနက် ၃ ဒသမ ၅ ဧကကို မြေကွက် ၅၀ ဖော်ပြီး ၁၃ ကွက်ကို လမ်းဖောက်သည့် ကုမ္ပဏီကို ပေးခဲ့ကြောင်း ယင်းမြေကွက်ရောင်းချငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း ဝက်သဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေဝင်းက ပြောသည်။
သဘာဝအင်းများ ပျောက်ပျက်သွားပါက အင်း ပတ်ဝန်းကျင်တွင် နေထိုင်နေကြသည့် ဒေသခံများ ရေအခက်အခဲ ပြဿနာနှင့် ကြုံတွေ့ရမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template