Headlines News :
Home » » ရှင်တို့ကရဲတွေကိုး … ရှင်တို့ကရဲတွေကိုး … – မောင်ချစ် (သူရဲသမိန်)

ရှင်တို့ကရဲတွေကိုး … ရှင်တို့ကရဲတွေကိုး … – မောင်ချစ် (သူရဲသမိန်)

Written By လွင့်မောင်မောင် on Sunday, April 26, 2015 | 5:53 PM

  “ပြည်သူ့ရဲများခမျာ အဓိကကျသောအလုပ်ကို မလုပ်ရဘဲ စွမ်းရည်ညံ့သော လမ်းညွှန်သူများ၏ တလွဲလမ်းညွှန် အမိန့်ပေးမှုကို ခံပြီး ဆောင်ရွက်နေ ရခြင်းကြောင့် ခုတော့ ပြည်သူများ၏ မျက်စိစပါးမွေးစူးခံနေရခြင်းသာ …”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏ လတ်တလော ရင်ဆိုင်နေ ရသော ပြဿနာများစွာကိုကြည့်ပြီး
စိတ်မေ ကာင်း ဖြစ်ရသောကြောင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်သည်။ ကျောင်းသားအရေး၊ လယ်သမား အရေး၊ အလုပ် သမားအရေးနှင့် လက်ပံတောင်းတောင် အရေးအခင်းများတွင် ပြည်သူ့ရဲတပ်ဖွဲ့တစ်ခုလုံးမှာ ပင်ပန်းဆင်း ရဲစွာ တာဝန်ထမ်းဆောင် နေရပါလျက်ခုတော့ အုတ်ညပ်၍ ပြည်သူအများ၏ အမုန်းတီးဆုံးအဆင့် သို့ ရောက်ရှိ သွား ခဲ့ပါပြီ။

အချို့ကိစ္စရပ်များတွင် ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီး၊ ချုပ်နှောင်အကြမ်းဖက်ပြီး လူစုခွဲရသော ပြုမူမှုများကြောင့် အမြင်မကောင်း၍ ငြိုငြင်ခံရခြင်းဖြစ်သည်။ တကယ်တော့ ပြဿ       နာတစ်ခုကို နောက်ကွယ်ကနေပြီး ကိုင်တွယ် ဖြေရှင်းသူတို့၏ လိမ္မာပါးနပ်မှု အားနည်းခြင်း၊ အနုနည်းဖြင့် မဖြေရှင်းဘဲ အဓမ္မ နည်းဖြင့် ဖြေရှင်း ရန် ညွှန်ကြား ချက်များကို လက်တွေ့အကောင် အထည်ဖော်ရသော တပ်ဖွဲ့အနေဖြင့် အဆိုးသံသရာ တွင် လူတကာ တံတွေး ခွက် ပက်လက်မျောခဲ့ရခြင်းဖြစ်သည်။…

ထို့ပြင် တာဝန်ခံမှု၊ တာဝန်ယူမှုအားနည်းပြီး ပြည်သူ့ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးကို လက်တွဲဆောင်ရွက်ဖို့ ပူးတွဲ တာဝန်ပေးလိုက်သူများကြောင့်လည်း မျက်နှာပျက်ကြရသည်။ သူခိုးနှင့်တွဲတော့ သူခိုးထင်၊ ဖဲသမားနှင့် တွဲတော့ ဖဲသမားဖြစ်၊ ဓားပြနှင့်တွဲတော့ ဓားပြဟု သမုတ်ခံရခြင်းမှာ အဆန်းတကြယ်တော့ မဟုတ်ပေ။ လောက ဓမ္မတာပင်ဖြစ်သည်။

   ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ယှဉ်တွဲ တာဝန်ထမ်းဆောင်သူ စွမ်းအားရှင်ပဲခေါ် ခေါ်၊ ပြည်သူဘက်ကရပ်တည်ပြီး ကာကွယ်မှုပြုသူများဟု ပြောကြ၍ ထိုလူတစ်စု၏ အမြင်ဆန်းစစ်ကြည့်ရအောင်ပါ။ ““တာဝန်””ဟု ရေးသားထား ပြီး လက်ပတ်နီ ပတ်ထားသူများမှာ နှစ်ပြားမတန်သော ဥပဓိရုပ်ပိုင်ရှင်များဖြစ်ပြီး၊ ကလေကချေ အဆင့်မရှိ ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ထားကြသည်။ ဖြူနီကြောင်ကျားဆံပင်များကို ရောင်စုံဆေးဆိုးထားပြီး ခန္ဓာ ကိုယ်ပေါ်တွင် မနှစ်မြို့ဖွယ် ဆေးမင်ကြောင်များလည်း နေရာအနှံ့ ထိုးထားကြသည်။

အဆိုးဆုံးလက္ခဏာက အရက်၊ ဆေးပြား၊ မူးယစ်ဆေးများ သုံးစွဲထားသည့် နှစ်ပင်လိမ်၊ သုံးပင်လိမ် မျက်နှာပိုင် ရှင်များကို တာဝန်ထမ်းဆောင်ရာတွင် ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များနှင့် လက်တွဲထမ်းဆောင်ရန် တာဝန်ပေးခဲ့ သည်။ ဒီလိုဖြစ်လာမည်ကို မသိလို့ပဲလား၊ သို့တည်းမဟုတ် တမင်အဆင့်နှိမ့်ချလိုက်ခြင်းပင်လားဟု သံသယ ဖြစ်ဖွယ်ဖြစ် သည်။

လက်တွဲဖော် လက်ပတ်နီများကြောင့်လည်း ပြည်သူ့ရဲ့တပ်ဖွဲ့ကြီး တစ်ခုလုံးမှာ ထိုမသတီစရာ အခွင့်ထူးခံ ပုဂ်္ဂိုလ်များနှင့် အဆင့်တူ မုန်းတီးမှုကိုခံရသည့် အဖြစ်နှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ အတွဲမညီသော ပုဂ်္ဂိုလ်ဆိုး တို့ကြောင့် ၂၄ နာရီ မရပ်မနား တာဝန်ထမ်းဆောင်နေကြပါလျက် ခုတော့ မျက်နှာမရ ခြေထောက်ရ အဆင့်သို့ ရောက်ခဲ့ရသည်။ ကိုယ်ကသွားပေါင်းခြင်း မဟုတ်ပါဘဲ။ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသူတို့ ကတွဲပေးလိုက် ခြင်းကြောင့် ခုလိုဖြစ်ရချေပြီ။

““တရားခံပြေး ၂၅ ရာခိုင်နှုန်း မဖမ်းနိုင်သည့် ရဲတပ်ဖွဲ့ ခေါ်ယူ သတိပေးခံရ”” ခေါင်းစီးပါ သတင်းတစ်ပုဒ်ကို ဖတ် ရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ထိ ဖမ်းမမိသည့် တရားခံပေါင်း ၁၁၀၀၀ ကျော် ရှိ နေရာ ထိုအရေအတွက်၏ ၁၅ ရာခိုင်နှုန်းခန့်ကို ဖမ်းမမိနိုင်သည့် ရဲတပ်ဖွဲ့အား ခေါ်ယူသတိပေးတော့ မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကပြောကြား လိုက် သည်ကို သတင်းတွင်ဖတ်ရသည်။

   ပြည်သူ့ရဲတပ်ဖွဲ့ကြီးအနေဖြင့် ပြည်သူတစ်ရပ်လုံးကို ဒုက္ခပေးနေသော လူဆိုး သူခိုး လူသတ်ကောင်များကို ဖမ်းမလား၊ အစိုးရ၏ ငြိုငြင်လှပါသည်ဆိုသော ကျောင်းသားခေါင်းဆောင်များကို ဖမ်းမလား။ ဤအရေးတွင် မင်းကြိုက်စိုးကြိုက် အထက်က ကြိုးကိုင်သူများ ဘ၀င်ခိုက်မည့် ကျောင်းသားခေါင်းဆောင်များကိုသာ ဦးစား ပေး ဖမ်းနေကြရသည်။

ဧပြီလ ၈ ရက်နေ့ ညပိုင်းက ဗကသ ကျောင်းသူ ပိုပို (ခေါ်) ရတနာစုပိုလှိုင်ကို ၎င်းနေထိုင်သော သန်လျင်မြို့ နယ်ရှိ နေအိမ်တွင် ရဲတပ်ဖွဲ့များက ၀င်ရောက်ဖမ်းဆီးခဲ့ သည်။ ၉ ရက်နေ့ နံနက်ပိုင်းက ကမာရွတ် မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ)တို့ဖြင့် ကမာရွတ် ရဲစခန်းကတရား စွဲဆိုခဲ့သည်။ ကျောင်း သား ကျောင်းသူတွေတော့ အလေးထား ဖမ်းဆီးနိုင်ခဲ့ပါပြီ။

   ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် လက်ပံတောင်းတောင် ပဋိပက္ခအရေးအခင်း ကျောင်းသားအရေးအခင်း၊ အလုပ် သမား အရေးအခင်းများနှင့် လယ်သမားအရေး အခင်းများတွင် ရှိသမျှ အင်အားသုံးပြီး ကြိုး ပမ်းဆောင်ရွက်နေ ကြရရှာသည်။ မထင်မရှား သာဓကတစ်ခုကို ပြကြည့်ပါမည်။

၂၀၁၄၊ အောက်တိုဘာ ၂၈ ရက်နေ့က ကန့်ဘလူကြံစီမံကိန်း တပ်မြေပြဿနာကြောင့် တရားစွဲခံတောင်သူ ၁၇၀ ကို တရားစွဲဖို့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးပြီး ဆောင်ရွက်ခဲ့ရသည်။ ကန့်ဘလူလို့ မြို့ငယ်လေး တွင် တရားခံ ၁၇၀ ရုံးထုတ်တရားစွဲရန် ပြည်သူ့ရဲတပ်ဖွဲ့အင်အား မည်ရွှေ့မည်မျှ အသုံးပြုခဲ့ရပါမည်နည်း။ ဤ သို့ဆိုလျှင် ရဲတပ်ဖွဲ့ဝင်များ သနားစရာ ဖြစ်ချေတော့မည်။ နှစ်ရှည်လများ ရင်ဆိုင်ဖြေရှင်းနေရပါသော လက်ပံ တောင်းတောင်အရေးတွင် ရဲအင်အား ဘယ်လောက်သုံးစွဲ နေရမည်နည်း။ မည်သို့ပင် အင်အား သုံး ဖြေရှင်းနေရ ပါသော်လည်း ဘယ်တော့ပြီး ဆုံးပါမည်နည်း။ ပြည်သူအပေါင်း၏တောက် ခတ်သံအကြားတွင် မျက်နှာပန်းလှ ပါရဲ့လား။ လက်ပံတောင်းတောင်အရေးတွင် ပြည်သူ့ရဲများက ဘယ်သူ့ကို ကာကွယ်နေပါ သလဲ။ မြန်မာနိုင်ငံသား ဒေသခံပြည်သူတွေကိုလား။ တရုတ်ဝမ်ပေါင် စီးပွားရေးလုပ်ငန်းရှင်တွေကိုလား။ ရှင်းပါ သည်။ ပြည်သူ တွေငြိုငြင်တာ တကယ်တော့ မဆန်းပါ။

ထိုနည်းတူ ကျောင်းသားအရေအတွက် မန္တလေးမှစလို့ မြို့ရွာတိုင်းမှ လက်ပံတန်းထိ ပြည်သူ့ရဲများ ဘယ် လောက်အင်အား သုံးခဲ့ရပါသနည်း။ ကျောင်းသားများမှာ ကိုယ့်ညီ ကိုယ့်ညီမအရွယ်၊ ကိုယ့်သားသမီး အရွယ်၊ ကျောင်းသား လူမမည်များ မဟုတ်ပေဘူးလား။ ပြည်သူ့ရဲတပ်ဖွဲ့ဝင် အမျိုးသမီး အမျိုးသားသုံးခဲ့ရသည့် အင် အားပြန်တွက်လျှင် လူ့စွမ်းအား၊ အချိန်တန်ဖိုးတွေများစွာ ကုန်ခန်းခဲ့ရသည်။ ပြီးတော့လမ်းမပေါ်မှာ ဘုန်းတော် ကြီးကျောင်း ၀င်းအတွင်းမှာ ရိုက်ဟယ်၊ နှက်ဟယ်၊ ဖမ်းဟယ်၊ ဆီးဟယ်နှင့် နှစ်ဖက် နာပြီး ပြည်သူ့ ရဲများ မျက် နှာ မရဖြစ်ခဲ့ရသည်။ ကျောင်းသားအရေးနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ပေါ်မှာ၊ ပဲခူးတိုင်းအတွင်းမှာ၊ ထားဝယ်မြို့ ပေါ်၊ မော်လမြိုင်မြို့ပေါ်နှင့် ဧရာဝတီတိုင်းအတွင်းမှာ များစွာအလုပ်ရှုပ်ခဲ့ရသည်။

ပြီးတော့ အလုပ်သမားများ၊ အနိမ့်ဆုံး လုပ်ခလစာတောင်းဆို ပွဲများနှင့် မြန်မာအလုပ်သမားများနှင့် မြန်မာ ပြည် သူ့ရဲများ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်ခဲ့ကြရသည်။ ပြည်သူ့ရဲများအနေဖြင့် အဓိကတာဝန်ဖြစ်သော ရပ်ရွာ အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် ကာကွယ်ရေးအတွက် တစ်ဖက်က စွမ်း စွမ်းတမံ ဆောင်ရွက်ကြရပြန်သည်။

ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများ လယ်သိမ်းယာသိမ်း အင်းသိမ်း ဆန္ဒဖော်ထုတ်မှုများတွင် ရဲတပ်ဖွဲ့ ၀င်များ၊ ငထွား ခါးနာရပြန်သည်။ ခံစားရသူတွေက လူတစ်စုပြုပြုသမျှ ပုစွန်ဆိတ်ခေါင်း စုပေါင်း ခံရပေသည်။

ဤသို့ဖြင့် ၂၀၁၃၊ နိုဝင်ဘာ ၁ရက်က မြောက်ဥက္ကလာပ ““တိမ်တံခွန်တည်းခိုခန်း”” လူသတ်မှု။ ၂၀၁၃၊ အောက် တိုဘာ ၁၉ ရက်နေ့က မင်္ဂလာဒုံဘောဂရပ်ကွက် ၃၆ နှစ်အရွယ်မိခင်နှင့် အသက် ၉နှစ် သမီးငယ် အသတ်ခံရမှု၊ ၂၀၁၄၊ ဇန်န၀ါရီ ၂၁ ရက်က မှော်ဘီ(၅၀၁)တင့်ကားတပ်တွင်း လက်နက် ခဲယမ်းမီးကျောက်များ ပျောက်ဆုံးမှု။ ၂၀၁၄၊ အောက်တိုဘာ ၄ရက်က တာမွေမြို့နယ်လုယက်မှုနှင့် မတ်လ ၁၁ရက်နေ့က အင်းစိန်မြို့နယ်အနုကြမ်း စီးမှုတွင် တစ်ဦးသာ ဖမ်းမိပြီး တရားခံ ၂ နှစ်ဦးလွတ်နေဆဲဖြစ်သည်။

ထိုပြင်,၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်နေ့က သာကေတမြို့နယ်၊ ဆရာဝန် ဦး … ၅၇ နှစ် အသတ်ခံရမှု ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့က မင်္ဂလာတောင်ညွန့် သပြေကုန်း ၁၂၃ လမ်း အဘွားအို ဒေါ် … ၇၀နှစ် ၊လူသတ် တရား ခံများအား ဖမ်းမမိဖြစ်နေသည်။ ထို့ပြင် အင်လျားကန်အနီး လင်ခရူဇာကားပေါ်ရှိ လူငယ် ၂ ဦး ထံမှ အမျိုးသား ၅ ဦးလုယက်မှုမှာလည်း ၁နှစ်ခန့်ကြာသည့်တိုင် တရားခံများလွတ် နေဆဲဖြစ်သည်။

တကယ်တော့ ပြည်သူ့ရဲများခမျာ အဓိကကျသောအလုပ်ကို မလုပ်ရဘဲ စွမ်းရည်ညံ့သော လမ်းညွှန်သူများ၏ တလွဲ လမ်းညွှန် အမိန့်ပေးမှုကိုခံပြီး ဆောင်ရွက်နေရခြင်းကြောင့် ခုတော့ပြည်သူများ၏ မျက်စိစပါး မွေးစူး ခံ နေရခြင်းသာ ဖြစ်ပေတော့သည်။ အရပ်ထဲတွင် ကလေးများ ကလေးချင်း ပြောစကားတစ်ခု ကို ကြားဖူးသည်။

““ရှင်တို့က ရဲတွေကိုး၊ ရှင်တို့ကရဲတွေကိုး”” ဟူသောစကားဖြစ် သည်။ ပြောချင်သည်မှာ မတရားလုပ်ခြင်းကို လုပ်ပိုင်ခွင့် ရထားသယောင် စွပ်စွဲပြောဆိုနေကြခြင်း ဖြစ်သည်။ တကယ်တော့ စာရေးသူအနေဖြင့် ဖြစ်ချင် သည်မှာ ပြည်သူချစ်သော ပြည်သူ့ရဲများ သာ ဖြစ်စေချင်ကြောင်းပါ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template