Headlines News :
Home » » သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကို TNLA ယာယီထိန်းချုပ်

သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကို TNLA ယာယီထိန်းချုပ်

Written By လွင့်မောင်မောင် on Thursday, April 30, 2015 | 8:29 AM







ဧပြီ ၂၉ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း မန္တလေး လားရှိုး မူစယ် တရုတ်နယ်စပ် ကို ဆက် သွယ်ထားသည့် ပြည်ထောင်စုလမ်းမ မူစယ်-ကွတ်ခိုင်လမ်းပိုင်းအား TNLA ခေါ် တအာင်း(ပလောင်)တပ်မတော်က ယနေ့မနက်ပိုင်းက ယာယီထိန်းချုပ်လိုက်သည်။
 TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ပြည်ထောင်စုလမ်း၏ ကွတ်ခိုင် - မူစယ် လမ်း ပိုင်း
  အား ယနေ့ ဧပြီ ၂၉ ရက် နံနက်ခင်းပိုင်းတပိုင်းလုံး ထိန်းချုပ် ကာ ဖြတ် သန်း သွားလာသည့် ခရီးသွားကားများ ကုန်တင် ယာဉ် များအား အခွန် အခ စောင့်ဆိုင်းကောက်ခံ ခဲ့သည်ဟု ကားသမား ကိုအောင်အောင် က ပြောပါ သည်။
 '' ကျနော်တို့က မကြုံဖူးဘူးလေဗျာ။ ကြောက်ကြတာပေါ့။ ကားဆရာတွေေ တာ့ ပိုက်ဆံ လိုက်ကောက် ပြီးပေးလိုက်တယ်။ ကုန်တင်ကား ၁၂ ဘီးကားဆို သုံးသိန်း၊ ၂၂ ဘိန်းကား ဆို ၅ သိန်းပေးရတယ် လို့ ပြောတယ်။ ခရီးသွား ကားကတော့ ကားဆရာတွေ တောင်းတောင်းပန် ပန်နဲ့ပြောတတ်ရင် သောင်း ဂဏန်း ပေးရတယ်။ ပြေပြေပြစ်ပြစ်မပြောတတ်ရင်တော့ သိန်းဂဏန်းပေး ရတယ် ။ ကျနော်တို့တော့ ခရီးသည်တင်ကားလေ။ ကားဆရာကတယောက် ၅ ထောင်စီ လာကောက်ပြီးပေးသွားတယ်"

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မမြင်ဖူး ဟုဆိုသည့် ခရီးသွား မန္တလေးသား ဦးခင်ညွှန့် ကလည်း စိုးရိမ်ကြောက်လန့်နေမိကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

တအာင်းအမျိုးသားတပ်မတော် TNLA အနေဖြင့်လည်း ယနေ့ နံနက် ၈ နာရီမှ စ၍ နံနက်ခင်းပိုင်းတခု လုံး မူစယ် ကွတ်ခိုင် လမ်းပိုင်း ပြည်ထောင်စု လမ်း မကြီး ထိန်းချုပ်ထားကြောင်း၊ ၄င်းတို့ စိုးမိုးသည့် နယ်မြေ ဖြစ်သည့် အတွက် ဖြတ်သန်းသွားလာသည့်ကားများအား ရန်ပုံငွေကောက်ခံ ရခြင်းကြောင်း သတင်းထုတ်ပြန်ထားပါသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း မြန်မာအစိုးရတပ်မတော် တပ်မ ၁၁ ၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈ ၊ ၉၉ ၊၁၀၁ တို့မှလည်း အင်အားဖြည့်လှုပ်ရှားနေပါသည်။

သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template