နယူးယောက်မြို့က အမေရိကန်ပြည်ထောင်စု အမှတ်လက္ခဏာ လစ်ဘာတီရုပ်တုကြီးကို
ဗုံးခွဲဖျက်ဆီးမယ်လို့ ဧပြီ ၂၄ ရက်က လူတဦးကဖုန်းဆက်ခြိမ်းခြောက်ခဲ့လို့
သွားရောက်လည်ပတ်သူဧည့်သည်တွေကို အရေးပေါ်ရှင်းလင်းခဲ့ရပါတယ်။
၎ နာရီကြာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဗုံးရှာဖွေရှင်းလင်းမှုတွေပြုလုပ်ခဲ့ပေမယ့် ဖောက်ခွဲရေးပစ္စည်းတွေ့ရှိခဲ့ခြင်း မရှိပါဘူး။
ဒီနောက်ပိုင်းမှာတော့ ဘေးကင်းလုံခြုံတယ်လို့ လစ်ဘာတီပန်းခြံ အာဏာပိုင်တွေက အသိပေးထုတ်ပြန်ခဲ့ ပါတယ်။
နယူးယောက်မြို့ ဟတ်ဆန်မြစ်ဝမှာရှိတဲ့ လစ်ဘာတီရုပ်တုကြီးဟာ
အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရ လည်ပတ်စရာနေရာတခုဖြစ်ပြီး တနှစ်ကို
လာရောက်လည်ပတ်သူ ၄ သန်းလောက်ရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
၂၀၁၂ ခုနှစ်က နယူးယောက်မြို့ကို စန်ဒီ အင်အားပြင်း
မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့လို့ လစ်ဘာတီ ရုပ်တုကြီး
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ၈ လနီးပါး ပိတ်ခဲ့ရပါသေးတယ်။
DVB