ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့ ကျောင်းသူတဦး
ဦးခေါင်းထဲက အသားပိုဆိုပြီး ခွဲထုတ်ခဲ့တာ အသားပိုမဟုတ်ပဲ
အမွှာသန္ဓေသားချင်းဖြစ်နေလို့ အားလုံးက အံ့သြခဲ့ကြပါတယ်။
အတော့်ကို ဖြစ်တောင့်ဖြစ်ခဲ ထူးဆန်းတဲ့ဖြစ်ရပ်ဖြစ်သလို ဆံပင်တွေ၊ အရိုးနဲ့ သွားတွေတောင်ပါရှိတယ်လို့ ဆရာဝန်တွေက ပြောဆိုပါတယ်။
အင်ဒီယားနားပြည်နယ်က အသက် ၂၆ နှစ် ပီအိတ်ခ်ျဒီ ကျောင်းသူ ယာမင်နီ
ကာရာနမ်း ကတော့ ခွဲစိတ်မှုမခံယူခင် ခေါင်းမူးခေါင်းကိုက်ဝေဒနာ
နှစ်ပေါင်းများစွာခံစားလာရပြီး ဘယ်အရာကိုမှ အာရုံစိုက်လို့ မရခဲ့ဘူးလို့
ပြောဆိုပါတယ်။
ဆရာဝန်တွေက ဦးခေါင်းခွံကို လက်မ၀က် အပေါက်ဖောက်ပြီး ခွဲထုတ်တဲ့နည်းသစ်ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။
တကယ်လို့ ခွဲစိတ်မှုမခံယူရင် ကာရာနမ်း ဟာ
အသက်ဆုံးရှုံးမှာဖြစ်တယ်လို့လည်း ဆရာဝန်တွေကပြော ဆိုပါတယ်။ အခုတော့
ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။
ကာရာနမ်း ကတော့ အိန္ဒိယနိုင်ငံကနေ အမေရိကန်နိုင်ငံကို
လာရောက်ပညာသင်ကြားနေသူကျောင်းသူဖြစ်ပြီး ၂၆ နှစ်ကြာဒုက္ခပေးခဲ့တဲ့ အတော့်ကို
ဆိုးတဲ့ အမွှာသားချင်းလို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။