Headlines News :
Home » » မြန်မာနိုင်ငံမှ ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် လှုပ်ရှားမှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများ၌ ပြုလုပ်သွားမည်ဟု အာဆီယံနိုင်ငံမှ လူငယ်များက သဘောထား ပေးခဲ့ကြောင်း သိရ

မြန်မာနိုင်ငံမှ ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် လှုပ်ရှားမှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများ၌ ပြုလုပ်သွားမည်ဟု အာဆီယံနိုင်ငံမှ လူငယ်များက သဘောထား ပေးခဲ့ကြောင်း သိရ

Written By Live100 on Tuesday, April 28, 2015 | 8:13 AM



ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် လှုပ်ရှားမှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ပြုလုပ်သွားမည်ဟု အာဆီယံနိုင်ငံမှ လူငယ်များက သဘောထားပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်မည့်အကြောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Asean People’s Forum 2015 သို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ လူငယ်များထံမှ သိရခြင်းဖြစ်သည်။

“အစ်မတို့ မြန်မာနိုင်ငံလူငယ်အဖွဲ့နဲ့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး Presentation တစ်ခုကို Asean Youth Forum နဲ့ People’s Forum တို့မှာ ပြုလုပ်ခဲ့တယ်။ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ဗွီဒီယိုဖိုင်တွေအပြင် ပါဖော့မန့်တွေကိုလည်း ပြသခဲ့တယ်။ မြန်မာကျောင်းသားတွေ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အာဆီယံလူငယ်တွေ ပြောတာက သူတို့ကိုယ်တိုင်လည်း ကျောင်းသားလူငယ်တွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အစိုးရကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ဒီလုပ်ရပ်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ ကာလမှာ အနောက်ပြန်သွားနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူတို့သုံးသပ်တယ်ပေါ့။ အဲဒါကြောင့် ဒီလိုမျိုး နောက်ထပ်မဖြစ်အောင်လို့ သူတို့ တတ်နိုင်တဲ့ ကမ်ပိန်းတွေကို ပြုလုပ်သွားမယ်လို့ ပြောခဲ့ကြပါတယ်” ဟု အာဆီယံဖိုရမ်အား တက်ရောက်ခဲ့သည့် အမျိုးသားလူငယ်ကွန်ဂရက် အဖွဲ့ဝင် ပဲခူးတိုင်းတာဝန်ခံ မသက်က ပြောကြားသည်။

ယင်းသို့ သဘောတူညီမှုများ ရရှိခဲ့သည်မှာ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံမှ လူငယ်များက သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၄ ရက် မလေးရှားစံတော်ချိန် ၄ နာရီက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့လယ်ခေါင်တွင် အာဆီယံ ပြည်သူ့ဖိုရမ် ၂၀၁၅ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ လူငယ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများ လွတ်မြောက်ရေး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုမှုကို ပြုလုပ်ခဲ့ကြသည်။

ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုအား ဆန့်ကျင်ကန့်ကွက်သော လှုပ်ရှားမှုများကို အရပ်ဘက် အဖွဲ့အစည်းများမှ ရန်ကုန်မြို့ အပါအ၀င် တိုင်းဒေသကြီး အသီးသီး၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုများမှာ “We are students, respect our right စာတန်း ရေးသားထားသော အဖြူရောင် လက်ပတ်လှုပ်ရှားမှု”၊ “နာရေးကူညီမှုအသင်း(ရန်ကုန်) ပြုလုပ်သော အနက်ရောင်ဝတ်ဆင်ရန်(သို့မဟုတ်) အနက်ရောင် အ၀တ်စအား ရင်ဘတ်၌ မတ် ၁၂ ရက်မှစ၍ ရက်သတ္တတစ်ပတ်တိတိ ချိတ်ဆွဲထားမည့် လှုပ်ရှားမှု”၊ ပန်းစကား အဖွဲ့၏ “နှင်းဆီဖြူ ရင်ထိုးလှုပ်ရှားမှု” နှင့် လူမှုကွန်ရက်ဖေ့ဘုတ်၌ “Myanmar Students” အမည်ရှိ စာမျက်နှာတွင် ဆန္ဒပြကျောင်းသားများအား ထောက်ခံအားပေးကြောင်း၊ အကြမ်းဖက်မှုအား ဆန့်ကျင်ကန့်ကွက်ကြောင်း ရေးသားထားသော စာရွက်များကိုင်ဆောင်၍ ဓာတ်ပုံနှင့်တကွ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်သည့်လှုပ်ရှားမှု” တို့ဖြစ်ပြီး ယင်းလှုပ်ရှားမှုမှာ နိုင်ငံတကာမှ နေထိုင်သူများ ပါဝင်ခဲ့သည်။        


Writer: ဝေလင်းအောင် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template