Headlines News :
Home » » Facebook Messenger ပေါ်၌ Video Chat ပြုလုပ်နိုင်ပြီ

Facebook Messenger ပေါ်၌ Video Chat ပြုလုပ်နိုင်ပြီ

Written By လွင့်မောင်မောင် on Tuesday, April 28, 2015 | 11:48 PM



 မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္ဍကို လက်ဝါးကြီး အုပ်နိုင်ဖို့ ကြိုးစားနေတဲ့ Facebook ဟာ ယင်းတို့ရဲ့ နောက်ဆုံး ခြေလှမ်းအဖြစ် Facebook Messenger ပေါ်၌ Video Chat ပြုလုပ်နိုင်ရန် ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

Facebook Messenger ဟာ လတ်တလောမှာ လူသုံးအများဆုံး ဆက်သွယ်ရေး နည်းပညာအဖြစ် ရပ်တည်နေပြီး သန်းရာနှင့်ချီတဲ့ Facebook သုံးစွဲသူများက နေ့စဉ်အသုံးပြုနေတာဖြစ်လို့ Video Chat အား ထည့်သွင်းပေးလိုက်ခြင်းဖြင့် Facebook အနေနဲ့ Apple FaceTime ၊ Google+… Hangouts နဲ့ Skype တို့ကို ထိပ်တိုက်ရင်ဆိုင် သွားနိုင်ပြီ ဖြစ်ပါတယ်။

Video Chat အား အသုံးပြုရန် သီးသန့် App ထည့်သွင်းရန် မလိုအပ်ပဲ Messenger ပေါ်မှ ဗီဒီယိုကင်မရာ ပုံလေးအား နှိပ်လိုက်ရုံနဲ့ Video Chat အဖြစ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ စာရိုက်ပြီး ပြောဆိုနေရာက ရုပ်ကြည့်ပြီး တိုက်ရိုက်ပြောဆို ဆက်သွယ်နိုင်ရန် ချက်ခြင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Facebook Messenger ဟာ iOS ကော Android OS ပေါ်ပါ အသုံးပြုနိုင်တာကြောင့် လက်ရှိ အသုံးအများဆုံး Video Chat ဖြစ်တဲ့ Apple FaceTime ထက် တစ်ပန်းသာနေမှာ ဖြစ်ပါတယ်။ Viber အနေနဲ့လည်း လွန်ခဲ့တဲ့ ၆ လ ခန့်က စတင်ပြီး Video Chat ဝန်ဆောင်မှုအား စတင်ခဲ့သော်လည်း ၁.၁ ဘီလီယံ အင်အားရှိတဲ့ Facebook သုံးစွဲသူများကို မမှီတာ သေချာနေပါတယ်။

Facebook Messenger App ဟာ သာမန် ဆက်သွယ်ရေး ဝန်ဆောင်မှု Application တစ်ခုအဖြစ် စတင်ခဲ့ရာမှ လက်ရှိအချိန်မှာ ဖုန်းကဲ့သို့ ဆက်သွယ်ပြောဆိုခြင်း၊ အသံ၊ ရုပ်ပုံနဲ့ အခြား ဖိုင်များ ပေးပို့ခြင်း၊ မိတ်ဆွေအခြင်းခြင်း ငွေလွှဲမှုအထိ များပြားလှတဲ့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။ Messenger ကို အဆင့်မြှင့်တင်နိုင်ဖို့ Facebook CEO Mark Zuckerberg ဟာ ရင်းနှီးမြှုပ်နှံမှု အတော်များများ ပြုလုပ်ထားပြီး ပြီးခဲ့တဲ့နှစ်ကလည်း နာမည်ကျော် WhatsApp အား ဒေါ်လာ ၁၉ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။

Facebook ရဲ့ အဆိုအရ ကမ္ဘာတစ်ဝန်း အသံဖြင့် ဆက်သွယ်ပြောဆိုမှုများ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ Messenger ကို အသုံးပြုပြီး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ယင်းဝန်ဆောင်မှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့တာဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template