Headlines News :
Home » » အာဖဂန်နစ္စတန်တွင် အစိုးရတပ်နှင့် တာလီဘန်များ တိုက်ပွဲပြင်းထန်၊ အစိုးရတပ်သား ၃၀ ကျဆုံး

အာဖဂန်နစ္စတန်တွင် အစိုးရတပ်နှင့် တာလီဘန်များ တိုက်ပွဲပြင်းထန်၊ အစိုးရတပ်သား ၃၀ ကျဆုံး

Written By Live100 on Tuesday, April 28, 2015 | 4:12 PM

Untitled-1

အာဖဂန်နစ္စတန်မှာ အစိုးရတပ်နဲ့ တာလီဘန်တွေ တိုက်ပွဲပြင်းထန်နေပြီး အစိုးရတပ်သား ၃၀ ကျဆုံးခဲ့ပါတယ်။
ဒါကြောင့် သမ္မတ အပ်စရက် ဂန်နီက အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ အာဖဂန်သမ္မတရဲ့ ပထမဆုံးခရီးစဉ်မှာ အိန္ဒိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။
ဒါဟာ အိန္ဒိယအနေနဲ့ ဒေသတွင်းမှာ ပါကစ္စတန်နဲ့ အပြိုင် မဟာမိတ်ဖွဲ့နိုင်မယ့် အခွင့်အရေး တရပ်လည်း ဖြစ်ပါတယ်။
အာဖဂန် သမ္မတသစ်ဟာ အရင်သမ္မတ ဟာမစ်ကာဇိုင်းနဲ့ မတူဘဲ တာလီဘန်တွေနဲ့ ညှိနှိုင်းတဲ့ အရေးမှာ  ပါကစ္စတန်ဆီက အကူအညီ ရရှိဖို့ ကြိုးစားနေပါတယ်။
ဒါအပြင် အာဖဂန်ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်သြဇာကို အသုံးချဖို့နဲ့ တရုတ်ရဲ့ အရင်းအနှီးတွေ အာဖဂန်ကို ၀င်ရောက်ဖို့ ဖိတ်ခေါ်နေပါတယ်။
တချိန်တည်းမှာ တရုတ်ကလည်း ဒီတပတ်ထဲမှာပဲ အိန္ဒိယရဲ့ အိမ်နီးချင်းဖြစ်တဲ့ ပါကစ္စတန်မှာ အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကြေညာထားတာရှိပါတယ်။ ဒါကြောင့် အိန္ဒိယဟာ တောင်အာရှဒေသတွင်းမှာ သြဇာကျဆင်းလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
ဒီလ အစောပိုင်းမှာတော့ အိန္ဒိက အသေးစား ရဟတ်ယာဉ် ၃ စင်းကို အာဖဂန်ကို ပို့ပေးခဲ့တယ်လို့ နှစ်ဖက် အရာရှိတွေက ပြောပါတယ်၊
တကယ်တော့ အိန္ဒိယဆီက လက်နက်တွေ၊ တင့်ကားတွေအပါအ၀င် စစ်ရေးအကူအညီတွေကို သမ္မတ ကာဇိုင်း လက်ထက်ကတည်းက တောင်းခံထားတာ ဖြစ်ပါတယ်။
အာဖဂန် သမ္မတသစ် ဂန်နီဟာ အိန္ဒိယ ခရီးစဉ် မတိုင်ခင်မှာ တရုတ်၊ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားခဲ့ပြီး အိန္ဒိယမှာ ၃ ရက် လည်ပတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template